Cryptocurrency ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ တရားဝင်ငွေကြေးအဖြစ် တည်ရှိနေတာမဟုတ်ပါဘူး။ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ မော်ရိုကိုလိုနိုင်ငံတွေက တရားမဝင်ဘူးလို့ ကြေညာထားသလို တရုတ်၊ ရုရှားလိုနိုင်ငံတွေကတော့ တရားမဝင်ဘူးလို့မကြေညာပေမဲ့ လွတ်လပ်စွာသုံးစွဲခွင့်ပေးမထားပါဘူး။

အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူလိုနိုင်ငံတွေမှာတော့ တရားဝင်အသိအမှတ်ပြုပြီးခွင့်ပြုထားတာမျိုးမဟုတ်ပေမဲ့ လွတ်လပ်စွာသုံးစွဲခွင့်ပေးထားပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကာလတုန်းက တရုတ်နိုင်ငံမှာ Cryptocurrency နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ကိုင်တွယ်မှုဖြစ်ပေါ်လာပြီးနောက် တရုတ်နိုင်ငံတွင်းက Cryptocurrency ကိုင်ဆောင်ထားသူတွေက ထုတ်ရောင်းခဲ့ပြီး ဒီလောကကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်။

Tesla ရဲ့ CEO Elon Musk ကတော့ ကမ္ဘာတစ်ဝန်းက အစိုးရတွေအနေနဲ့ Cryptocurrency ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးသွားအောင်ပဲပြုလုပ်နိုင်မှာဖြစ်ပြီး၊ ဖျက်ဆီးနိုင်စွမ်းတော့ ရှိမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ Elon Musk ဟာ Crypto နည်းပညာပိုင်းဆိုင်ရာကို ပံ့ပိုးပေးနေပြီး Crypto-space ကို ထိန်းချုပ်ဖို့ကြံရွယ်တဲ့ အမေရိကန်အစိုးရကို “ဘာမှမလုပ်ဖို့” အကြံပေးခဲ့တယ်လို့ သိရပါတယ်။ “Cryptocurrency ကို ကျွန်တော်ထောက်ပံ့တယ်ဆိုတာဟာ ဗဟိုအစိုးရရဲ့ အာဏာကို လျှော့ချဖို့ အခြေခံအားဖြင့်ရည်ရွယ်တာပါ” လို့ Musk က ဆိုပါတယ်။

တရုတ်အစိုးရရဲ့တားမြစ်မှုကြောင့် ကြီးမားတဲ့ အတက်အကျနဲ့ကြုံတွေ့ခဲ့ရတဲ့ Crypto ဈေးကွက်နဲ့ပတ်သက်ပြီးတော့ “ဒါဟာ တရုတ်နိုင်ငံတွင်းနေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ တရုတ်နိုင်ငံတောင်ပိုင်းက မျှော်မှန်းထားတဲ့ ပမာဏထက်အများကြီးမြင့်မားနေတာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကလည်း Crypto mining ကလည်း ဒီအခန်းကဏ္ဍမှာပါဝင်နေနိုင်ပါတယ်” လို့ Musk က မှတ်ချက်ပေးခဲ့ပါတယ်။

Ref: gadgets.ndtv.com