Tesla ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Full Self Driving(FSD) Beta Version 9 ကို ဖြန့်ချိခဲ့ပြီး အဲဒီအချိန်တုန်းက Software မှာ မှားယွင်းမှုတွေ ရှိနိုင်တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ Elon Musk က FSD ကို အနာဂတ်မှာ စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Tesla Vision ဟာ တခြား ယာဉ်တွေရဲ့ Signals ၊ အန္တရာယ်ရှိတဲ့ သတိပေး ဆိုင်းဘုတ်၊ မော်တော်ပီကယ်၊  လူနာတင်ကား အချက်ပြမီးနဲ့ လက်ဟန်ခြေဟန်တွေကို မကြာခင်မှာ သိနားလည်လာမယ်လို့ ပြောခဲ့ပါတယ်။

Elon Musk Says Tesla's Full Self-Driving Beta Is Crash-Free Now. Is He Right?

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ Musk က ဒီလမကုန်ခင် FSD ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးချင်တယ်လို့ တွစ်တာကနေ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အသေးစား ယာဉ် မတော်တဆမှုများစွာ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့တဲ့အတွက် Musk ရဲ့ အစီအစဉ်ဟာ စိတ်ပူစရာဖြစ်ခဲ့ပါတယ်။

အခုတော့ Tesla ရှယ်ယာ ပိုင်ရှင် Ross Gerber က FSD Beta Program ဟာ တစ်နှစ်ကြာပြီးနောက်မှာ မတော်တဆမှု လုံးဝ မရှိသေးဘူးလို့ တွစ်တာကနေ ကြေညာလိုက်ပြီး Musk ကလည်း မှန်ကန်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

National Highway Traffic Safety Administration (NHTSA) က စုံစမ်းနေတဲ့ Model Y ပိုင်ရှင် ၁ ယောက်ရဲ့ ယာဉ်တိုက်မှုဟာ FSD Beta ကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို Musk နဲ့ Gerber က ငြင်းဆိုလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ယာဉ်မောင်းက ကား စနစ်ကြောင့် တိုက်မိတာလို့ အကြောင်းပြပေမယ့် NHTSA က အတည်မပြုထားပါဘူး။

Model Y ပိုင်ရှင်ရဲ့ စွပ်စွဲချက်သာ မှားမယ်ဆိုရင် FSD Beta ဟာ မိုင်ပေါင်း သန်းနဲ့ချီ မောင်းနှင်အပြီးမှာ မတော်တဆမှု လုံးဝ မရှိဘူးလို့ သဘောသက်ရောက်ပါတယ်။ NHTSA က လူသား ယာဉ်မောင်းတွေဟာ မိုင် ၅၀၀,၀၀၀ မှာ အနည်းဆုံး ၁ ကြိမ် မတော်တဆမှု ဖြစ်တယ်လို့ ပြောတဲ့အတွက် Tesla ရဲ့ FSD Beta ဟာ အထင်ကြီးစရာကောင်းပါတယ်။

အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ကားတွေဟာ လူသားတွေကို  ဘေးကင်းလုံခြုံစွာ လိုရာခရီး ပို့ဆောင်ပေးနိုင်မယ့် အနာဂတ်ဟာ မဝေးတော့ဘူးလို့ ထင်ပါတယ်။

Ref : interestingengineering