မကြာခင်ကပဲ Lex Fridman ဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး Elon Musk နဲ့ တတိယမြောက် အင်တာဗျူးကို မျှဝေလိုက်ပါတယ်။ ၂ နာရီခွဲကြာ အင်တာဗျူးမှာ Musk က အာကာသ၊ Cryptocurrency ၊ Tesla ၊ Brain-computer Interfaces နဲ့ AI အကြောင်း မေးခွန်းတွေကို ဖြေကြားသွားခဲ့ပါတယ်။

အင်တာဗျူးမှ စိတ်ဝင်စားစရာအကောင်းဆုံးက Musk ဟာ အင်္ဂါဂြိုလ်ကို အစောဆုံး ၅ နှစ်နဲ့ နောက်အကျဆုံး ၁၀ နှစ်အတွင်း လူသားတွေ သွားနိုင်မယ်လို့ ပြောလိုက်တာပါ။ ဒါ့အပြင် သူက အခုအချိန် အင်္ဂါဂြိုလ်ကို ခရီးသွားချင်ရင် ဒေါ်လာ ၁ ထရီလီယမ်ကျော် ကုန်ကျမယ်လို့ ပြောပြီး အနာဂတ်မှာ ကုန်ကျစားရိတ် သက်သာအောင် ကြိုးစား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Musk က Starship ဟာ နည်းပညာ အရှုပ်ထွေးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဒုံးပျံဖြစ်ပြီး စတင် စမ်းသပ်နေပြီလို့ ပြောပါတယ်။ Musk ဟာ Starship ဒုံးပျံ ၁၀၀၀ တည်ဆောက်ပြီး ၁ ရက်ကို ဒုံးပျံ ၃ စီးနဲ့ အင်္ဂါဂြိုလ်ကို လူ ၁ သန်း ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

Elon Musk on chip shortage

Musk က Tesla အကြောင်းကိုလည်း ပြောပြခဲ့ပြီး ၂၀၂၂ ခုနှစ်ထဲမှာ Tesla ဟာ Level 4 Autonomous ရရှိမယ်လို့ သိရပါတယ်။ ဒီလို ရရှိဖို့အတွက် Fully Autonomous Driving (FSD) ဟာ စံချိန်တချို့ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ စစ်တမ်းတွေအရ Tesla ရဲ့ Autonomous Driving စနစ်ဟာ မတော်တဆမှုတွေ ကာကွယ်ရာမှာ လူသားတွေထက် စွမ်းဆောင်ရည် ပိုမြင့်မားတယ်လို့ သိရပါတယ်။

Musk က “ Tesla ရဲ့ မောင်းသူမဲ့ နည်းပညာဟာ စိတ်ချရတယ်ဆိုတာ အာဏာပိုင်တွေကို သက်သေပြရမှာပါ။ လူသားတွေထက် ၂ ဆ ၊ ၃ ဆလောက် ပိုဘေးကင်းတဲ့အတွက် ထိခိုက်ဒဏ်ရာရမှုဟာ ၂ ဆ၊ ၃ ဆ နည်းသွားမှာပါ။” လို့ ပြောပါတယ်။

Ref : gizchina