[Zawgyi]





Ref: GSM Arena

[Unicode]

EMUI 10 မောင်းနှင်နေတဲ့ Device ပေါင်း ၁သန်းပြည့်သွားပြီဖြစ်ကြောင်း Huawei ထုတ်ပြန်ကြေညာ

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီး Huawei ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ EMUI 10 ကို ပြောင်းလဲအသုံးပြုလာတဲ့ Device အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ များပြားလာတဲ့နောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မရောက်ခင်မှာပဲ အရေးပါတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။

EMUI 10 နဲ့မောင်းနှင်နေကြတဲ့ Device အရေအတွက်ဟာ တစ်သန်းပြည့်ခဲ့ပြီလို့ သိရပါတယ်။ EMUI 10 ကို Huawei ဟန်းဆက်တွေအပြင် Honor ဟန်းဆက်တွေမှာလည်း အသုံးပြုမောင်းနှင်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို Huawei ရဲ့ Consumer BG software ဌာန ဥက္ကဋ္ဌဖြစ်တဲ့ Wang Chenglu က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Huawei ဟာ EMUI 10 ကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက စတင်ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး Update အဖြစ် P30 series က စက်တင်ဘာလထဲမှာ ရခဲ့တာပါ။ EMUI 10 update စာရင်းထဲမှာပါဝင်တဲ့ ဖုန်းတွေအနက် ၂၀၁၇ ခုနှစ်ထွက် Mate 10 သုံးမျိုးကတော့ မော်ဒယ်အနိမ့်ဆုံးလို့ ဆိုရမှာပါ။ ဒါ့အပြင် nova 5T လည်း မကြာခင်မှာ EMUI 10 အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ EMUI 10 မောင်းနှင်နိုင်တဲ့ Device တွေကတော့ Huawei P30, Huawei P30 Pro, Huawei Mate 20, Huawei Mate 20, ProHuawei Mate 20 X, Huawei Mate 20 X (5G), Huawei Mate 20 RS Porsche Design, Huawei Mate 10, Huawei Mate 10 Pro, Huawei Mate 10 Porsche Design, Huawei Mate RS Porsche Design, Huawei P20, Huawei P20 Pro, Huawei nova 5 Pro, Huawei nova 4, Huawei nova 4e, Huawei Mate 20 lite, Huawei Enjoy 10 Plus, Huawei Enjoy 9s, Honor 8XHonor 9X, Honor 9X Pro (China), Honor 10 Lite, Honor 20i, Huawei MediaPad M6 10.8, Huawei MediaPad M6 8.4 တို့ပဲ ဖြစ်ကြပါတယ်။

Ref: GSM Arena