Huawei ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Huawei Developer Conference (HDC) 2020 Event မှာ EMUI 11 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ EMUI 11 ရဲ့ Promo Video တစ်ခုကနေ တစ်ဆင့် မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ Mate 40 Series ဖုန်းတွေရဲ့ Feature တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Huawei Mate 40 Series ဖုန်းတွေမှာ 66W Fast Charging ကို ထည့်သွင်းလာနိုင်တာပဲဖြစ်ပါတယ်။ EMUI 11 ရဲ့ Promo Video မှာ Charging ကို ဖော်ပြတဲ့နေရာမှာ Max 66W ဆိုပြီး ရေးသားထားတဲ့အတွက် အခုလိုမျိုး ယူဆရတာဖြစ်ပါတယ်။

Huawei အနေနဲ့ အဆိုပါ EMUI 11 Promo Video ကို ပြန်လည်ဖျက်သွားခဲ့တယ်လို့ သိရပြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကတော့ Screenshot ဓါတ်ပုံရယူထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ Huawei ကနေ P40 Series ဖုန်းတွေနဲ့ တချို့သော Mid Range ဖုန်းတွေမှာ 40W SuperCharge Fast Charging နည်းပညာကို အသုံးပြုထားပြီး Huawei Mate Xs ဖုန်းမှာတော့ 55W Fast Charging အထိ Support ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei Mate 40 Series ဖုန်းတွေဟာ Huawei အတွက် Charging Speed အမြန်ဆန်ဆုံးစမတ်ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China