Huawei ကနေ အခုအချိန်မှာ သူ့ရဲ့ စမတ်ဖုန်းတွေကို EMUI 10.1 Update ကို ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ဟာ Android 11 ကို အခြေခံထားတဲ့ EMUI 11 ကိုဆောင်ရွက်နေတာ လအနည်းငယ်ရှိနေပြီဖြစ်ပြီး ယခုနှစ်မကုန်ခင်မှာတင်တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း Huawei ရဲ့ EMUI 11 Update မှာ ပါဝင်လာနိုင်တဲ့ Feature အသစ်တွေကို Chinese Leakster တစ်ဦးကနေ ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Huawei ကနေ EMUI 11 Update ကို အစောဆုံးအနေနဲ့ ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

EMUI 10 ဟာ Huawei အတွက်တော့ Huawei Share ၊ Huawei Multi-Screen Collaboration လိုမျိုး Ecosystem အတွက်ရည်ရွယ်ပြီးတော့ Feature အသစ်တွေမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလာမယ့် EMUI 11 မှာတော့ Always-on Display (AOD) အတွက် သိသိသာသာ ပြောင်းလဲလာမယ့် Update တွေရရှိလာမှာဖြစ်ပြီး Smart Split-Screen နဲ့ Comprehensive Translation Service အသစ်ကိုပါ ရရှိလာမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Translation Service အသစ်က ဘယ်လိုမျိုး အလုပ်လုပ်သွားမလဲဆိုတာကိုတော့ အတိအကျသိရသေးခြင်းမရှိသေးပါဘူး။ မကြာသေးခင်တုန်းက ထွက်ရှိထားတဲ့သတင်းတွေအရတော့ Huawei Mate 40 Pro ဖုန်းက EMUI 11 ကို အခြေခံထားတဲ့ ပထမဆုံး Huawei စမတ်ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ဟာ Android 11 Stable Update ကို Pixel စမတ်ဖုန်းတွေအတွက် လာမယ့်စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး EMUI 11 အကြောင်းအသေးစိတ်ကို အဲ့ဒီနောက်ပိုင်းမှ သိလာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China