[Zawgyi]

Huawei ဟာ သူ႔ရဲ႕ ဒုတိယေျမာက္ EMUI public beta program ကို ေနာက္ထပ္ စမတ္ဖုန္း အမ်ိဳးအစား ၁၄ မ်ိဳးအထိ ထပ္မံသုံးစြဲခြင့္ ျပဳလုပ္ၿပီ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ထပ္တိုးလိုက္တဲ့ စမတ္ဖုန္းေတြထဲမွာ Mate 10 နဲ႔ P20 series ေတြလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

Huawei ရဲ႕ EMUI public beta program ကို လာမယ့္ရက္ကေန စတင္မွာျဖစ္ၿပီး တ႐ုတ္ျပည္တြင္းက အသုံးျပဳသူေတြကေတာ့ ခ်က္ခ်င္းဆိုသလိုပဲ ေနာက္ဆုံး Update ကို ရယူသုံးစြဲႏိုင္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျပင္ပက သုံးစြဲသူေတြကေတာ့ ခ်က္ခ်င္းရဦးမွာမဟုတ္ဘဲ ေနာက္ထပ္ရက္အနည္းငယ္ ေစာင့္ဆိုင္းရဦးမယ္လို႔ သိရပါတယ္။

EMUI 9.1 ဟာ အေရာင္အေသြးစုံလင္တဲ့ Wallpaper ေတြကို ယူေဆာင္လာတဲ့အျပင္ EROFS ဖိုင္စနစ္အတြက္လည္း ပိုၿပီးေတာ့ ျမန္ဆန္တဲ့ စြမ္းေဆာင္မႈကို သယ္ေဆာင္လာေပးတယ္လို႔ သိရပါတယ္။ OneHop ဖိုင္ေဝမွ်မႈစနစ္နဲ႔အတူ ပိုၿပီးေတာ့ သိမ္ေမြ႕တဲ့ ေျပာင္းလဲမႈေတြကိုလည္း သယ္ေဆာင္လာတယ္လို႔ သိရပါတယ္။

EMUI beta ကို စမ္းသပ္အသုံးျပဳမယ္ဆိုရင္ေတာ့ Huawei ရဲ႕ Beta Club app ကို အရင္ဦးဆုံး ထည့္သြင္းဖို႔ လိုအပ္ပါတယ္။ ၿပီးရင္ေတာ့ Huawei account နဲ႔ Sign in ျပဳလုပ္ရမွာပါ။ ဒီအဆင့္ေတြၿပီးသြားရင္ေတာ့ EMUI version သစ္ဟာ ကိုယ့္ရဲ႕ စမတ္ဖုန္းနဲ႔ ကိုက္ညီရဲ႕လားဆိုတာကို စစ္ေဆးရမွာပါ။ ကိုက္ညီတယ္ဆိုရင္ေတာ့ ေနာက္ဆုံး ဗားရွင္းကို ေဒါင္းလုဒ္ဆြဲယူလို႔ရမွာ ျဖစ္ပါတယ္။

ထပ္တိုးလာတဲ့ Huawei စမတ္ဖုန္း ၁၄ လုံးကေတာ့ Huawei Mate 10, Mate 10 Pro, Mate 10 Porsche Design, Mate RS Porsche Design, P20, P20 Pro, nova 3, nova 3i, Maiman 7, Enjoy 9 Plus, Honor 10, Honor V10, Honor Play နဲ႔ Honor 8X တို႔ပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

EMUI 9.1 ဒုတိယမြောက် စမ်းသပ်မှုကို Huawei စမတ်ဖုန်း ၁၄ လုံးမှာ ထပ်တိုးသုံးစွဲခွင့်ပြု

Huawei ဟာ သူ့ရဲ့ ဒုတိယမြောက် EMUI public beta program ကို နောက်ထပ် စမတ်ဖုန်း အမျိုးအစား ၁၄ မျိုးအထိ ထပ်မံသုံးစွဲခွင့် ပြုလုပ်ပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ထပ်တိုးလိုက်တဲ့ စမတ်ဖုန်းတွေထဲမှာ Mate 10 နဲ့ P20 series တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Huawei ရဲ့ EMUI public beta program ကို လာမယ့်ရက်ကနေ စတင်မှာဖြစ်ပြီး တရုတ်ပြည်တွင်းက အသုံးပြုသူတွေကတော့ ချက်ချင်းဆိုသလိုပဲ နောက်ဆုံး Update ကို ရယူသုံးစွဲနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံပြင်ပက သုံးစွဲသူတွေကတော့ ချက်ချင်းရဦးမှာမဟုတ်ဘဲ နောက်ထပ်ရက်အနည်းငယ် စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။

EMUI 9.1 ဟာ အရောင်အသွေးစုံလင်တဲ့ Wallpaper တွေကို ယူဆောင်လာတဲ့အပြင် EROFS ဖိုင်စနစ်အတွက်လည်း ပိုပြီးတော့ မြန်ဆန်တဲ့ စွမ်းဆောင်မှုကို သယ်ဆောင်လာပေးတယ်လို့ သိရပါတယ်။ OneHop ဖိုင်ဝေမျှမှုစနစ်နဲ့အတူ ပိုပြီးတော့ သိမ်မွေ့တဲ့ ပြောင်းလဲမှုတွေကိုလည်း သယ်ဆောင်လာတယ်လို့ သိရပါတယ်။

EMUI beta ကို စမ်းသပ်အသုံးပြုမယ်ဆိုရင်တော့ Huawei ရဲ့ Beta Club app ကို အရင်ဦးဆုံး ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ Huawei account နဲ့ Sign in ပြုလုပ်ရမှာပါ။ ဒီအဆင့်တွေပြီးသွားရင်တော့ EMUI version သစ်ဟာ ကိုယ့်ရဲ့ စမတ်ဖုန်းနဲ့ ကိုက်ညီရဲ့လားဆိုတာကို စစ်ဆေးရမှာပါ။ ကိုက်ညီတယ်ဆိုရင်တော့ နောက်ဆုံး ဗားရှင်းကို ဒေါင်းလုဒ်ဆွဲယူလို့ရမှာ ဖြစ်ပါတယ်။

ထပ်တိုးလာတဲ့ Huawei စမတ်ဖုန်း ၁၄ လုံးကတော့ Huawei Mate 10, Mate 10 Pro, Mate 10 Porsche Design, Mate RS Porsche Design, P20, P20 Pro, nova 3, nova 3i, Maiman 7, Enjoy 9 Plus, Honor 10, Honor V10, Honor Play နဲ့ Honor 8X တို့ပဲ ဖြစ်ပါတယ်။

Ref: GSMArena