Apple က OLED display ပထမဆုံးပါဝင်လာတဲ့ iPad mini မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ iPad mini အသစ်မှာ 8.5-inch Super Retina XDR OLED display ကို အသုံးပြုထားပြီး 2316 x 1512 resolution ပါဝင်ပါတယ်။ Refresh rate အနေနဲ့ 60Hz သာ ပါဝင်ပြီး ProMotion တော့ မပါဝင်သေးပါဘူး။ Display ဟာ 1200 nits အထိ တောက်ပနိုင်တဲ့အပြင် nano-texture glass ကိုလည်း ရွေးချယ်နိုင်ပါတယ်။

 

iPad mini ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ နောက်ဆုံးပေါ် Apple A20 Pro chip ကို အသုံးပြုထားပါတယ်။ ဒါပေမဲ့ 128GB နဲ့ 256GB မော်ဒယ်တွေမှာ 512GB မော်ဒယ်လောက် စွမ်းဆောင်ရည် အပြည့်မရဘဲ CPU core တစ်ခုလျော့နည်းသလို NPU စွမ်းဆောင်ရည်လည်း ထက်ဝက်သာ ပါဝင်ပါတယ်။

 

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ Speaker တွေကို Display အောက်မှာ ထည့်သွင်းထားတဲ့ Acoustic Display နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး အသံထွက်ပိုကောင်းလာပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း 5.4mm သာထူပြီး အလေးချိန် 255 ဂရမ်သာ ရှိတဲ့အတွက် ပိုမိုပါးလွှာပေါ့ပါးလာပါတယ်။ ဒါ့အပြင် Wi-Fi 7၊ eSIM အသုံးပြုနိုင်တဲ့ 5G နဲ့ ရေစိုခံ IP67 rating လည်း ပါဝင်လာပါတယ်။

 

ဘက်ထရီပိုင်းအတွက် 18.9Wh ဘက်ထရီပါဝင်ပြီး 35W အားသွင်းစနစ်နဲ့ မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ အရောင်အနေနဲ့ Midnight နဲ့ Starlight ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ရောင်းချသွားမယ့် ဈေးနှုန်းအနေနဲ့ 128GB Wi-Fi မော်ဒယ်ကို ၆၉၉ ဒေါ်လာကနေ စတင်မှာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကစတင်ကာ Pre-order တင်နိုင်ပါတယ်။

Ref : gsmarena