PHP အသုံးပြုထားတဲ့ Website တွေနဲ့ Web Server တွေကို ပစ်မှတ်ထားနိုင်တဲ့ PHP2Shell လုံခြုံရေးအားနည်းချက် (Critical Security Vulnerability) နှစ်ခုကို တွေ့ရှိထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီအားနည်းချက်တွေကို အချိန်မီ မပြုပြင်ထားဘူးဆိုရင် တိုက်ခိုက်သူတွေဟာ Login ဝင်ဖို့တောင် မလိုအပ်ဘဲ အဝေးကနေ Server ပေါ်မှာ ကိုယ်ပိုင်ကုဒ်တွေကို လုပ်ဆောင်စေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

“ဘယ်လိုအားနည်းချက်တွေလဲ”
လုံခြုံရေးအားနည်းချက် နှစ်ခုကတော့ —
CVE-2026-109618 — Memory မလုံလောက်တဲ့ အခြေအနေကို ကိုင်တွယ်ရာမှာ ဖြစ်ပေါ်လာတဲ့ အမှား။
CVE-2026-109619 — Request တစ်ခုနဲ့ သက်ဆိုင်တဲ့ အတွင်းပိုင်းဒေတာဟောင်းတွေ မရှင်းလင်းဘဲ ကျန်ရှိနေရာကနေ ဖြစ်ပေါ်လာတဲ့ အမှား။
ဒီအားနည်းချက်တွေကို အသုံးချနိုင်ရင် Server ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပြီး အခြေအနေအလိုက် အရေးကြီးတဲ့ ဒေတာတွေနဲ့ ဝန်ဆောင်မှုတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ အထူးသတိထားရမလဲ
PHP ကို အသုံးပြုပြီး Website သို့မဟုတ် Web Application တွေ လည်ပတ်နေတဲ့သူအားလုံး သတိထားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် —
PHP-FPM အသုံးပြုသူများ
Apache Server မှာ mod_php အသုံးပြုသူများ
php-cgi အသုံးပြုသူများ
FrankenPHP နဲ့ LiteSpeed အသုံးပြုသူများ

ဘယ်လိုကာကွယ်ကြမလဲ
PHP ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က လုံခြုံရေးပြုပြင်ချက်တွေ ပါဝင်တဲ့ အောက်ပါဗားရှင်းတွေကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။
PHP 8.5.12
PHP 8.4.27
PHP 8.3.36
PHP 8.2.35
PHP တရားဝင် Download စာမျက်နှာ
https://www.php.net/downloads.php
“Server Admin တွေအတွက် အရေးကြီးတဲ့အချက်များ”
- လက်ရှိအသုံးပြုနေတဲ့ PHP Version ကို ချက်ချင်းစစ်ဆေးပါ။
- သင့်တော်တဲ့ လုံခြုံရေးပြုပြင်ချက်ပါဝင်တဲ့ Version ကို အမြန်ဆုံး Update လုပ်ပါ။
- Linux Distribution သို့မဟုတ် Hosting Provider ကတစ်ဆင့် PHP ကို အသုံးပြုနေတယ်ဆိုရင် လုံခြုံရေးပြုပြင်ထားတဲ့ Package ရရှိမှုကို စစ်ဆေးပါ။
- ချက်ချင်း Update မလုပ်နိုင်သေးရင် အန္တရာယ်ကို လျှော့ချနိုင်မယ့် ယာယီကာကွယ်ရေးနည်းလမ်းတွေကို စဉ်းစားပါ။ လိုအပ်ပါက ထိခိုက်နိုင်တဲ့ စနစ်ကို ယာယီအော့ဖ်လိုင်းထားဖို့လည်း အကဲဖြတ်သင့်ပါတယ်။
- Cloudflare WAF လိုမျိုး ကာကွယ်ရေးစနစ်တွေကို အသုံးပြုထားရင်တောင် PHP ကို Update လုပ်ဖို့ မမေ့ပါနဲ့။ WAF က PHP လုံခြုံရေးပြုပြင်ချက်ကို အစားထိုးပေးနိုင်တာ မဟုတ်ပါဘူး။
“မူရင်းသတင်းနှင့် နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များ”
https://www.wiz.io/blog/php2shell-php-rce
“အနှစ်ချုပ်”
ဆိုက်ဘာလုံခြုံရေးမှာ အားနည်းချက်တစ်ခုကို လျစ်လျူရှုထားခြင်းက Server တစ်ခုလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် PHP အသုံးပြုနေသူတွေအနေနဲ့ မိမိတို့ရဲ့ စနစ်ကို စစ်ဆေးပြီး လုံခြုံရေးပြုပြင်ချက်တွေကို အချိန်မီ ထည့်သွင်းထားဖို့ အရေးကြီးပါတယ်။
Ref: PHP





