ကမ္ဘာပတ်လမ်းကြောင်းထဲကို ဒေတာစင်တာ ဂြိုဟ်တု အစင်းရေ ၁ သန်းအထိ လွှတ်တင်မယ့် SpaceX ရဲ့ အစီအစဉ်ကို အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ Starmind လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ ကမ္ဘာမြေပေါ်က ဒေတာစင်တာတွေမှာ ပုံမှန်လုပ်ဆောင်နေတဲ့ ကွန်ပျူတာတွက်ချက်မှု လုပ်ငန်းတချို့ကို အာကာသထဲ ရွှေ့ပြောင်းလုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီဂြိုဟ်တုတွေကို နေရောင်ခြည်စွမ်းအင်နဲ့ လည်ပတ်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး တစ်လုံးနဲ့တစ်လုံး လေဆာချိတ်ဆက်မှုတွေကတစ်ဆင့် ဆက်သွယ်ကြမှာ ဖြစ်ပါတယ်။ SpaceX ဟာ ဉာဏ်ရည်တု (AI) အတွက် တွက်ချက်မှုလုပ်ငန်းတွေ အပါအဝင် ကြီးမားတဲ့ ဒေတာအချက်အလက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဲဒီကွန်ရက်ကို အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။

FCC ရဲ့ ခွင့်ပြုချက်အရ SpaceX ဟာ သူတို့ရဲ့ ပထမဆုံး ဂြိုဟ်တုကို ၂၀၃၃ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထားပြီး လွှတ်တင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီစဉ်ထားတဲ့ ဂြိုဟ်တုကွန်ရက် ဖြန့်ကြက်မှုအားလုံးကိုတော့ ၂၀၄၀ ပြည့်နှစ် နိုဝင်ဘာလ နောက်ဆုံးထားပြီး အပြီးသတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
Ref : Technology Innovation



