Apple ဟာ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး touchscreen MacBook Pro ကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ အဲဒီ မော်ဒယ်အသစ်မှာ အဆင့်မြှင့်တင်ထားတဲ့ မျက်နှာပြင်နဲ့ ပိုမိုပေါ့ပါးတဲ့ ဒီဇိုင်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

အရင်က Steve Jobs နဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် John Ternus တို့က touchscreen Mac တွေဟာ အသုံးပြုရ အဆင်မပြေဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ Apple က အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် ကီးဘုတ်နဲ့ trackpad ကိုသာ အဓိက အသုံးပြုရမယ့် ပုံစံမျိုး ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါဟာ touch ကို အဓိကထားတဲ့ ကွန်ပျူတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါ့အပြင် Golden Gate လို့ အမည်ပေးထားတဲ့ Mac operating system အသစ်မှာ အသုံးပြုသူတွေ လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်မယ့် dynamic interface ပါဝင်လာမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ touchscreen Mac နဲ့ iPad တို့ဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Ref : independent


