Messenger မှာ ပြန်အလှန်စကားပြောကြတဲ့အခါ ပြောပြီးသား Message တွေက မဖျက်မချင်း ကျန်ရှိနေတာပါ။ တချို့စကားတွေက တစ်သက်တာ သိမ်းဆည်းထားရမယ့် စကားတွေဖြစ်ပေမယ့်၊ တချို့စကားတွေကတော့ လျှို့ဝှက်ချက်အဖြစ် ကျန်ရှိမနေအောင်၊ ဒါမှမဟုတ် မှတ်တမ်းအဖြစ် ကျန်ရှိမနေအောင် ဖျက်ပစ်ရမယ့် စကားတွေ ဖြစ်ပါတယ်။


အကြောင်းကိစ္စတစ်ခုခုကြောင့် အရေးကြီးကိစ္စ၊ လျှို့ဝှက်ကိစ္စတွေကို အပြန်အလှန်စကားပြောပြီးတဲ့အခါ၊ ပြောပြီးသားတွေကို ပြန်ဖျက်ရတာ အလုပ်တစ်ခုပိုပါတယ်။ တစ်ခါတလေမှာလည်း အလုပ်များနေလို့ မဖျက်ဘဲထားလိုက်ရင်းနဲ့ ဖျက်ဖို့မေ့သွားတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် Messenger မှာ end-to-end encrypted conversation အနေနဲ့ Set လုပ်ထားရင်တော့ အပြန်အလှန်ပြောထားတာတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း အလိုအလျောက် ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။

end-to-end encrypted conversation ပြုလုပ်ဖို့က လွယ်ကူပါတယ်။
၁။ end-to-end encrypted conversation ပြုလုပ်မယ့် တစ်ဖက်အကောင့်ရဲ့ အပေါ် ညာဘက်ထောင့်က Secure icon ကို နှိပ်ပါ။
၂။ ပုံမှာပြထားတဲ့ Start end-to-end encrypted chat ဆိုတာကို နှိပ်ပါ။
၃။ Text box ထဲက အနီရောင်နဲ့ နာရီပုံလေးကို နှိပ်ပြီး (၁၂ နာရီအကြာမှာ ပျက်သွားစေချင်လား၊ ဒါမှမဟုတ် ၂၄ အကြာမှာ ပျက်သွားစေချင်လား) ကိုယ်ကြိုက်တဲ့ အချိန်ကို ရွေးလိုက်ပါ။


အကယ်၍ စာဖတ်သူရဲ့ Messenger မှာ ဒီလုပ်ဆောင်ချက်ကို မတွေ့ရဘူးဆိုရင် Messenger နောက်ဆုံးဗားရှင်းကို Google Play က တစ်ဆင့် Download ဆွဲယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Messenger Lite မှာလည်း ဒီလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားခြင်း မရှိတာကိုလည်း သတိပြုရပါမယ်။

အခုဖော်ပြထားတဲ့ end-to-end encrypted conversation ကို Android နဲ့ iOS တို့ရဲ့ Messenger app တွေမှာပဲ ထောက်ပံ့ထားတာဖြစ်တဲ့အတွက် Facebook chat ဒါမှမဟုတ် messenger.com တွေမှာ ရရှိမှာ မဟုတ်ပါဘူး။ ဒီလုပ်ဆောင်ချက်မှာ Messages, Pictures, Stickers, Videos နဲ့ Video recording တွေ အပြန်အလှန်ပေးပို့နိုင်ပါတယ်။

ဒါပေမယ့် end-to-end encrypted conversation ဟာ Group messages, Gifs, Voice ဒါမှမဟုတ် Video calling နဲ့ Payments တွေအတွက် ထောက်ပံ့ထားခြင်း မရှိတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

Ref: Facebook