[Zawgyi]

Avenir Telecom ဟာ သူတုိ႔ရဲ႕ Energizer အမွတ္တံဆိပ္ စမတ္ဖုန္းေတြကို ပိုၿပီး Premium ဆန္တဲ့ ေမာ္ဒယ္ေတြ ထုတ္လုပ္ဖို႔ႀကိဳးစားလာခဲ့ၿပီး Power Max P18K Pop စမတ္ဖုန္းမွာ မၾကဳံစဖူး 18,000 mAh ပမာဏ ဘကၳရီႀကီးကို ထည့္သြင္းလာမွာပဲ ျဖစ္ပါတယ္။

မႏွစ္ကလည္း 16,000 mAh ဘကၳရီပါဝင္တဲ့ P16K Pro ဖုန္းကို အကန္႔အသတ္နဲ႔ ထုတ္လုပ္ခဲ့ေသးတဲ့ Energizer ဟာ သူတုိ႔ရဲ႕စံခ်ိန္ကို ကုိယ္တုိင္ထပ္ၿပီးခ်ဳိးဖ်က္ဖို႔ ႀကိဳးစားလာခဲ့တာပါ။ ဒီဖုန္းဟာ သီခ်င္းဖြင့္ထားမယ္ ဆုိရင္ ေလးရက္ဆက္တုိက္ မရပ္မနားဖြင့္ထားႏုိင္ၿပီးေတာ့ ဗီဒီယုိၾကည့္မယ္ဆုိ ႏွစ္ရက္ဆက္တုိက္ၾကာေအာင္ ၾကည့္ႏုိင္မယ္လို႔ ဆုိပါတယ္။ Standby Mode နဲ႔သာဆုိရင္ေတာ့ ရက္ငါးဆယ္ၾကာေအာင္ ခံပါလိမ့္မယ္။

Power Bank အမ်ားစုထက္ေတာင္ ဘကၳရီပုိေနဦးမယ့္ P18K Pop စမတ္ဖုန္းကိုေတာ့ 18W အားအျမန္သြင္းစနစ္နဲ႔ တြဲထားပါတယ္။ ဒါ့အျပင္ ဒီဖုန္းကိုယ္တုိင္ကို Power Bank အေနနဲ႔ အသုံးျပဳၿပီး အျခားဖုန္းေတြနဲ႔ ကိရိယာေတြကိုလည္း အားေပးႏုိင္ပါေသးတယ္။

P18K ဆုိတဲ့ အဓိပၸါယ္ကိုေတာ့ သူ႕ရဲ႕ဘကၳရီမွာေတြ႕ခဲ့ၿပီး “Pop” ဆုိတာကေတာ့ သူ႕မွာ အခုလအတြင္း ထြက္ရွိလာမယ့္ ဖုန္းေတြလိုပဲ Pop-up ဆယ္ဖီကင္မရာပါဝင္လို႔ ျဖစ္ပါတယ္။ ထူးျခားတာက Pop-up ဆယ္ဖီ ကင္မရာကလည္း 16+2MP Dual ကင္မရာအတြဲပါ။ ေနာက္ဘက္မွာေတာ့ ကင္မရာသုံးလုံးတြဲပါဝင္ကာ 12+5+2MP ျဖစ္ပါတယ္။

Energizer Power Max P18K Pop စမတ္ဖုန္းမွာ 6.2” လက္မအရြယ္ 1080p+ Display တစ္ခု ပါဝင္ကာ Pop-up ကင္မရာသုံးထားတဲ့အတြက္ ေရွ႕မ်က္ႏွာျပင္ကေတာ့ Notch မပါေတာ့ပါဘူး။ အတြင္းမွာ MediaTek Helio P70 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားကာ မန္မုိရီက 6GB / 128GB ျဖစ္ပါတယ္။

P18K Pop စမတ္ဖုန္းဟာ သူ႕ရဲ႕မ်ဳိးဆက္ေဟာင္းလုိပဲ ဇြန္လမွာ ေစ်းကြက္ထဲ စေရာက္လာမွာပါ။ ေစ်းႏႈန္းကို မသိရေသးေပမယ့္ လာမယ့္ MWC ပြဲမွာ ျမင္ေတြ႕ရမွာျဖစ္တယ္။ သူတစ္ေယာက္တည္းေတာ့ မဟုတ္ဘဲ Energizer အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းအသစ္ ၂၆ မ်ဳိးေတာင္ ျပသလာမယ္ ဆုိတဲ့အတြက္ ဒီႏွစ္မွာ ေစ်းကြက္ထဲကို သိသိသာသာ ထုိးေဖာက္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

Avenir Telecom ဟာ သူတို့ရဲ့ Energizer အမှတ်တံဆိပ် စမတ်ဖုန်းတွေကို ပိုပြီး Premium ဆန်တဲ့ မော်ဒယ်တွေ ထုတ်လုပ်ဖို့ကြိုးစားလာခဲ့ပြီး Power Max P18K Pop စမတ်ဖုန်းမှာ မကြုံစဖူး 18,000 mAh ပမာဏ ဘက္ထရီကြီးကို ထည့်သွင်းလာမှာပဲ ဖြစ်ပါတယ်။

မနှစ်ကလည်း 16,000 mAh ဘက္ထရီပါဝင်တဲ့ P16K Pro ဖုန်းကို အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့သေးတဲ့ Energizer ဟာ သူတို့ရဲ့စံချိန်ကို ကိုယ်တိုင်ထပ်ပြီးချိုးဖျက်ဖို့ ကြိုးစားလာခဲ့တာပါ။ ဒီဖုန်းဟာ သီချင်းဖွင့်ထားမယ် ဆိုရင် လေးရက်ဆက်တိုက် မရပ်မနားဖွင့်ထားနိုင်ပြီးတော့ ဗီဒီယိုကြည့်မယ်ဆို နှစ်ရက်ဆက်တိုက်ကြာအောင် ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ Standby Mode နဲ့သာဆိုရင်တော့ ရက်ငါးဆယ်ကြာအောင် ခံပါလိမ့်မယ်။

Power Bank အများစုထက်တောင် ဘက္ထရီပိုနေဦးမယ့် P18K Pop စမတ်ဖုန်းကိုတော့ 18W အားအမြန်သွင်းစနစ်နဲ့ တွဲထားပါတယ်။ ဒါ့အပြင် ဒီဖုန်းကိုယ်တိုင်ကို Power Bank အနေနဲ့ အသုံးပြုပြီး အခြားဖုန်းတွေနဲ့ ကိရိယာတွေကိုလည်း အားပေးနိုင်ပါသေးတယ်။

P18K ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ သူ့ရဲ့ဘက္ထရီမှာတွေ့ခဲ့ပြီး “Pop” ဆိုတာကတော့ သူ့မှာ အခုလအတွင်း ထွက်ရှိလာမယ့် ဖုန်းတွေလိုပဲ Pop-up ဆယ်ဖီကင်မရာပါဝင်လို့ ဖြစ်ပါတယ်။ ထူးခြားတာက Pop-up ဆယ်ဖီ ကင်မရာကလည်း 16+2MP Dual ကင်မရာအတွဲပါ။ နောက်ဘက်မှာတော့ ကင်မရာသုံးလုံးတွဲပါဝင်ကာ 12+5+2MP ဖြစ်ပါတယ်။

Energizer Power Max P18K Pop စမတ်ဖုန်းမှာ 6.2” လက်မအရွယ် 1080p+ Display တစ်ခု ပါဝင်ကာ Pop-up ကင်မရာသုံးထားတဲ့အတွက် ရှေ့မျက်နှာပြင်ကတော့ Notch မပါတော့ပါဘူး။ အတွင်းမှာ MediaTek Helio P70 ချစ်ပ်ဆက်ကိုအသုံးပြုထားကာ မန်မိုရီက 6GB / 128GB ဖြစ်ပါတယ်။

P18K Pop စမတ်ဖုန်းဟာ သူ့ရဲ့မျိုးဆက်ဟောင်းလိုပဲ ဇွန်လမှာ ဈေးကွက်ထဲ စရောက်လာမှာပါ။ ဈေးနှုန်းကို မသိရသေးပေမယ့် လာမယ့် MWC ပွဲမှာ မြင်တွေ့ရမှာဖြစ်တယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ဘဲ Energizer အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းအသစ် ၂၆ မျိုးတောင် ပြသလာမယ် ဆိုတဲ့အတွက် ဒီနှစ်မှာ ဈေးကွက်ထဲကို သိသိသာသာ ထိုးဖောက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena