realme ကနေ လာမယ့်စက်တင်ဘာလ ၃ ရက်နေ့မှာ realme 7 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့တရားဝင်ကြေညာထားပြီဖြစ်ပါတယ်။ realme ရဲ့ Teaser အရတော့ 65W Fast Charging နည်းပညာပါဝင်လာမယ်လို့ သိရပါတယ်။

အခုလည်း realme7 Series ဖုန်းတွေမှာ အကောင်းဆုံးဖြစ်လာမယ့် realme 7 Pro ဖုန်းရဲ့ Specification အသေးစိတ်က ပေါက်ကြားလာခဲ့ပါပြီ။ အဲ့ဒီအတွက် Design ပိုင်းပဲ သိရဖို့ ကျန်နေတော့တာဖြစ်ပါတယ်။

ယခုသတင်းကိုတော့ “Mukul Sharma” အမည်ရှိတဲ့ Indian Tech Influencer တစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ realme 7 Pro ဟာ ပြီးခဲ့တဲ့ realme 6 Pro လိုမျိုးပဲ Qualcomm Snapdragon 720G Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Display ပိုင်းမှာတော့ 6.4″ Full HD+ AMOLED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ realme 6 Pro မှာ ပါဝင်ခဲ့တဲ့ 6.6″ LCD Display ထက်တော့ သိသိသာသာပိုကောင်းလာမှာပါ။ Refresh Rate အနေနဲ့လည်း အနည်းဆုံး 90Hz ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Camera ပိုင်းမှာတော့ 64MP Primary + 8MP Ultrawide + 2MP Monochrome + 2MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာပါ။ Selfie Camera ကိုတော့ Single Punch-hole Design ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး 32MP Sensor ပါဝင်မယ်လို့ သိရပါတယ်။

realme 7 Pro ရဲ့ အဓိကအားသာချက်အနေနဲ့ကတော့ Charging ပိုင်းပဲဖြစ်ပြီး 4500mAh Battery ကိုမှာ 65W SuperDart Charging နဲ့ အားသွင်းပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ realme 6 Pro မှာ ပါဝင်ခြင်းမရှိခဲ့တဲ့ Stereo Speaker Setup လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် realme 7 Pro ဟာ ပြီးခဲ့တဲ့ realme 6 Pro ဖုန်းထက် စွမ်းဆောင်ရည်ပိုင်းအတူတူပဲလို့ ပြောလို့ရပေမယ့် ကျန်တဲ့ Display ၊ Charging ပိုင်းမှာတော့ သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။

Ref – Gizmo China