Motorola က အမေရိကန်မှာ Moto G Fast နဲ့ Moto E (2020) ကို ကြေညာလိုက်ပါတယ်။ Moto G Fast ကို ဒေါ်လာ ၂၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ရှိပါတယ်။ Snapdragon 665 Chipset , 3GB RAM နဲ့ 10W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီတွေ ပါပါတယ်။

အနောက်ကင်မရာ ၃ လုံးဟာ Moto G8 Power နဲ့ တူညီပြီး 16MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ Moto G8 Power ရဲ့ 8MP Telephoto မပါလာပါဘူး။ Moto G Fast ရဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး နားကြပ်ပေါက်နဲ့ IP52 စံနှုန်းတွေ ထည့်ထားပါတယ်။ ၁၂ ရက်နေ့မှာ Amazon, Walmart, B&H နဲ့ BestBuy တို့ကနေ ရောင်းမှာပါ။

Moto E (2020) မှာ ၆.၂ လက်မ 720x1520p LCD မျက်နှာပြင်နဲ့ Snapdragon 632 Chipset ပါလာပါတယ်။ 2GB RAM နဲ့ 32GB Storage ထည့်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3,550mAh ဘက်ထရီ ပါလာပြီး microUSB ပဲ ထည့်ထားတာ သိပ်မမိုက်ပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ၊ 13MP Main နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

Moto E (2020) နဲ့ Moto G Fast မှာ Android 10 Stock မောင်းနှင်ထားပြီး Motorola က Moto G Fast အတွက် Android 11 ရမယ်လို့ အာမခံလိုက်ပေမယ့် Moto E (2020) အတွက် အာမ မခံသွားပါဘူး။ Moto E (2020) မှာ IPx2 စံနှုန်းပါလာပြီး မိုးရေစက်တွေကို ခံနိုင်ပေမယ့် ဖုန်မဝင်အောင် မကာကွယ်ပေးနိုင်ပါဘူး။ ၁၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၁ သောင်းလောက် ရှိပါတယ်။

Ref : gsmarena