Unicode

Epic Games ဆိုတာ လက်ရှိမှာ ဆော့ကစားသူအများဆုံး Battle Royale Game ဖြစ်တဲ့ Fortnite ကို ထုတ်ပေးထားတဲ့ Game Developer ကုမ္ပဏီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ဝန်းကျင်လောက်တုန်းက Epic ကနေ Epic Game Store ဆိုပြီး Steam ကို ယှဉ်ပြိုင်နိုင်တဲ့ Game Store တစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ပြီး ၁နှစ်ဝန်းကျင်လောက် ကြာတဲ့အခါမှာတော့ Epic ဟာ သတင်းကောင်းတစ်ခုကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းကတော့ Epic Game Store ကို စတင်တည်ထောင်ပြီး ၁ နှစ်ဝန်းကျင်အကြာမှာတင် အသုံးပြုသူ စုစုပေါင်း ၁၀၈ သန်းကျော်ရှိသွားပြီလို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါက Valve ရဲ့ Steam Store ကိုတော့ မမှီသေးပေမယ့် အလားအလာကောင်းတဲ့ ရလဒ်တစ်ခုလို့ ပြောလို့ရပါတယ်။

Valve ရဲ့ Steam Store ကတော့ အခုအချိန်မှာ အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းကတော့ အသုံးပြုသူ သန်း ၉၀ ကျော်ရှိနေပြီလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Epic ရဲ့ ပြောကြားချက်အရတော့ ဒီ Epic Game Store က Fortnite ထက်တောင် ဝင်ငွေရရှိခဲ့ပြီး ဒေါ်လာ သန်း ၆၈၀ ကျော်ဝင်ထားပြီးပြီလို့ သိရပါတယ်။ အဲ့ဒီထဲမှာ ဒေါ်လာ ၂၅၁ သန်းဟာ Coupons တွေ၊ Promotion တွေမပါဝင်တဲ့ Third-part Game တွေကနေ ဝင်တဲ့ ဝင်ငွေဖြစ်တယ်လို့လည်း သိရပါတယ်။

Epic Game Store မှာလောလောဆယ်အနေနဲ့ World War Z ၊ Borderlands 3 ၊ Untitled Goose Game ၊ Metro Exodus, Control ၊ The Outer Worlds ၊ The Division 2 ၊ Dauntless နဲ့ Satisfactory လို Game တွေက လူကြိုက်အများဆုံးဖြစ်နေပြီး လာမယ့် ၂၀၂၀ ထဲမှာလည်း တချို့သော Game တွေကို အခမဲ့ပေးသွားဦးမှာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဆက်သွားမယ်ဆိုရင် PC Gamer တွေအတွက် Epic Game Store က Steam Store ထက် ပိုပြီး ရွေးချယ်စရာဖြစ်လာမှာပါ။

Ref – The Verge

Zawgyi

Epic Games ဆိုတာ လက္ရွိမွာ ေဆာ့ကစားသူအမ်ားဆုံး Battle Royale Game ျဖစ္တဲ့ Fortnite ကို ထုတ္ေပးထားတဲ့ Game Developer ကုမၸဏီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၁ ႏွစ္ဝန္းက်င္ေလာက္တုန္းက Epic ကေန Epic Game Store ဆိုၿပီး Steam ကို ယွဥ္ၿပိဳင္ႏိုင္တဲ့ Game Store တစ္ခုကို စတင္တည္ေထာင္ခဲ့ပါတယ္။ တည္ေထာင္ၿပီး ၁ႏွစ္ဝန္းက်င္ေလာက္ ၾကာတဲ့အခါမွာေတာ့ Epic ဟာ သတင္းေကာင္းတစ္ခုကို ထုတ္ျပန္လိုက္ၿပီ ျဖစ္ပါတယ္။

ဒီသတင္းကေတာ့ Epic Game Store ကို စတင္တည္ေထာင္ၿပီး ၁ ႏွစ္ဝန္းက်င္အၾကာမွာတင္ အသုံးျပဳသူ စုစုေပါင္း ၁၀၈ သန္းေက်ာ္ရွိသြားၿပီလို႔ ေၾကညာလိုက္တာျဖစ္ပါတယ္။ ဒါက Valve ရဲ႕ Steam Store ကိုေတာ့ မမွီေသးေပမယ့္ အလားအလာေကာင္းတဲ့ ရလဒ္တစ္ခုလို႔ ေျပာလို႔ရပါတယ္။

Valve ရဲ႕ Steam Store ကေတာ့ အခုအခ်ိန္မွာ အသုံးျပဳသူအေရအတြက္ကို ထုတ္ျပန္ျခင္းမရွိေသးေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလတုန္းကေတာ့ အသုံးျပဳသူ သန္း ၉၀ ေက်ာ္ရွိေနၿပီလို႔ ထုတ္ျပန္ထားခဲ့ပါတယ္။

Epic ရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒီ Epic Game Store က Fortnite ထက္ေတာင္ ဝင္ေငြရရွိခဲ့ၿပီး ေဒၚလာ သန္း ၆၈၀ ေက်ာ္ဝင္ထားၿပီးၿပီလို႔ သိရပါတယ္။ အဲ့ဒီထဲမွာ ေဒၚလာ ၂၅၁ သန္းဟာ Coupons ေတြ၊ Promotion ေတြမပါဝင္တဲ့ Third-part Game ေတြကေန ဝင္တဲ့ ဝင္ေငြျဖစ္တယ္လို႔လည္း သိရပါတယ္။

Epic Game Store မွာေလာေလာဆယ္အေနနဲ႔ World War Z ၊ Borderlands 3 ၊ Untitled Goose Game ၊ Metro Exodus, Control ၊ The Outer Worlds ၊ The Division 2 ၊ Dauntless နဲ႔ Satisfactory လို Game ေတြက လူႀကိဳက္အမ်ားဆုံးျဖစ္ေနၿပီး လာမယ့္ ၂၀၂၀ ထဲမွာလည္း တခ်ိဳ႕ေသာ Game ေတြကို အခမဲ့ေပးသြားဦးမွာလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီအတိုင္းဆက္သြားမယ္ဆိုရင္ PC Gamer ေတြအတြက္ Epic Game Store က Steam Store ထက္ ပိုၿပီး ေ႐ြးခ်ယ္စရာျဖစ္လာမွာပါ။

Ref – The Verge