[Zawgyi]








[Unicode]

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အေဂျင်စီ နှစ်ဖွဲ့ဖြစ်သည့် Echo နှင့် RevoTech တို့ပေါင်းစည်းခြင်းမှ ERA ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ ထိပ်တန်း PR firm နှင့် ဒီဂျစ်တယ်အေဂျင်စီ တို့ ပူးပေါင်း၍ ERA Myanmar အမည်ရှိ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော Integrated Marketing Communication Agency ကို တည်ထောင်

မြန်မာနိုင်ငံ၏ Public Relations အေဂျင်စီ ကဏ္ဍတွင် ဦးဆောင်နသော Echo Myanmar နှင့် Digital Marketing လုပ်ငန်းကြီး ဖြစ်သည့် RevoTech တို့ လက်တွဲပူးပေါင်း၍ အေဂျင်စီ အသစ်တစ်ခု ဖြစ်သည့် ERA Myanmar (ERA) ကို တည်ထောင်ဖန်တီးလိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ အဆိုပါ ကဏ္ဍစုံဆက်သွယ်ရေး အေဂျင်စီ (Integrated Communications Agency) အသစ်သည် ဒီဂျစ်တယ်အခန်းကဏ္ဍ၊ တမူထူးခြားသောဖန်တီးမှုအပိုင်း နှင့် နည်းဗျူးဟာမြောက်ဆက်သွယ်ရေး (Strategic Communication) နယ်ပယ်မှ ကျွမ်းကျင်သူဦးရေ ၇၀ ဖြင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော အေဂျင်စီ အဖြစ် လည်ပတ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့လက်တွဲပူးပေါင်းမှုသည် မြန်မာနိုင်ငံ၏ အေဂျင်စီလောကတွင် ပထမဆုံးဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းမှ လူအများ၏ မီဒီယာနှင့် ဆက်သွယ်လုပ်ဆောင်ရာတွင် ပြောင်းလဲနေမှုများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ ၎င်းပူးပေါင်းမှုသည် Digital Marketing နည်းပညာပိုင်းတွင် RevoTech ၏ ကျွမ်းကျင်မှုနှင့် Echo ၏ Public Relations နှင့် Strategic Communications ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပေါင်းစပ်လိုက်ခြင်းဖြစ်ပါသည်။

Era Myanmar ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Anthony Larmon က “ယခင်ကလို သမားရိုးကျ မီဒီယာနည်းလမ်းတွေ ကလည်း အခုချိန်ထိ အရေးပါတဲ့ကဏ္ဍဖြစ်နေသေးတယ်ဆိုပေမယ့် ဒီကနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ နဲ့ ပြောင်းလဲ လာတဲ့ မီဒီယာအသုံးပြုမှုပုံစံတွေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ မြန်မာနိုင်ငံအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုအတွက် ERA ဟာ အဖြေဖြစ်ပါ တယ်။ အဲဒါကတော့ ကျွန်တော်တို့ အနေနဲ့ Client တွေရဲ့ စီးပွားရေး လုပ်ငန်းစုတွေမှာ ပါဝင်နေသူတွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ထောင်ပေးပြီး ဆက်နွယ်မှုရှိတဲ့ Campaign တွေ ဆက်လက်ပြီး ဖန်တီးသွားနိုင်ဖို့ဆိုတာတွေအပြင် Client တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အနာဂတ်မှာ အေဂျင်စီတွေအနေနဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေရမလဲဆိုတဲ့ မေးခွန်း အတွက် ERA ဟာ အဖြေတစ်ခုပါပဲ” ဟု ပြောကြားသည်။

ဤလုပ်ငန်းနယ်ပယ်တွင် ERA ၏ ကျယ်ပြန့်သော ကျွမ်းကျင်မှုသည် မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပဆက်သွယ်လုပ်ကိုင်မှု သက်တမ်း ရှစ်နှစ်စာ ပေါင်းစပ်ထားသော အတွေ့အကြုံပေါ်အခြေခံ၍ နိုင်ငံနှင့်ပတ်သက်သည့် နက်နဲသော နားလည်တတ်ကျွမ်းမှု၊ နှံ့စပ်သော အကြံ ပြုချက်များနှင့် ဝန်ဆောင်မှုများကို Client များအား ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ Client များဟုဆိုရာတွင် မြန်မာကုမ္ပဏီများသာမက နာမည်ရှိလူသိများသော နိုင်ငံတကာ အမှတ်တံဆိပ်လုပ်ငန်းများ ပါဝင်ပြီး နည်းပညာ၊ ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ စသည့်ကဏ္ဍများမှ ပါဝင်ပါသည်။

“RevoTech ဟာဆိုရင်လည်း Marketing နည်းပညာဆိုင်ရာ နည်းလမ်းတွေမှာ ဦးဆောင်သူဖြစ်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ အနေနဲ့ ERA နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာတစ်ခုက နှစ်ဖွဲ့လုံးရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး ဒီဂျစ်တယ်၊ အစဉ်အလာ၊ ပွဲအခမ်းအနားတွေအပြင် အများနဲ့မတူတဲ့ ဖန်တီးမှုအခန်းကဏ္ဍတွေမှာလည်း ထူးခြားတဲ့ Campaign အသစ်တွေကို ဖန်တီးလုပ်ကိုင်သွားဖို့တွေဘဲ ဖြစ်ပါတယ်။” ဟု ERA Myanmar ၏ ဒါရိုက်တာဖြစ်သူ စောသူရဝင်းမှ ပြောကြားခဲ့သည်။

ဤ Agency သည် Southeast Asia PR Agency of the Year (2018) ၊ PublicAffairsAsia မှ ပေးအပ်သည့် New Consultancy of the Year (2017) အပြင် Guerilla Marketing ၊ Telecommunications ၊ Technology ၊ Influencer Management နှင့် Branding စသည့် ကဏ္ဍများအတွက် Campaign ဆု ၇ ဆု ရရှိခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းမှ အမြင့်မားဆုံးသော ဆုအဖြစ် အသိအမှတ်ပြုခံထားရသည့် Global SABRE ဆုကိုရရှိထားသော မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Agency လည်း ဖြစ်ပါသည်။