Huawei အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကနေ လွတ်မြောက်ဖို့အလှမ်းဝေးနေသေးတယ်ဆိုပေမယ့်၊ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုကိုတော့ ရယူလာနိုင်တာကို တွေ့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့ Network နဲ့ Telecommunications လုပ်ငန်းမှာအဓိကပြိုင်ဘက်လို့ဆိုရမယ့် Ericsson နဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခု ရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဆွီဒင်ရဲ့ ထိပ်တန်းအမှုဆောင် Borje Ekholm က သူ့နိုင်ငံအနေနဲ့ Huawei ကို ပိတ်ပင်လိုက်တဲ့ဆုံးဖြတ်ချက်ဟာ ပြိုင်ဆိုင်မှုကို ထိခိုက်စေလိမ့်မယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ကုမ္ပဏီလည်း ဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်မှုက ကျွန်တော်တို့ရဲ့ ရေရှည်နဲ့ ပိုကောင်းတဲ့ကုမ္ပဏီဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။

“အချိန်ခဏတာတော့ နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဒီယှဉ်ပြိုင်မှုဟာ ကျွန်တော်တို့တွေကို ပိုပြီးတီထွင်ဖန်တီးအောင်၊ ဖောက်သည်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ထုတ်ကုန်တွေပြုလုပ်အောင် မောင်းနှင်နိုင်ပါတယ်” လို့လည်း Borje Ekholm က ထည့်သွင်းပြောဆိုသွားပါသေးတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးရဲ့ အကြံပေးချက်အရ ဆွီဒင်ဟာ Huawei ကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ တရုတ်ကုမ္ပဏီရဲ့ “ကြီးမားကျယ်ပြန့်တဲ့သတင်းအချက်အလက်စုဆောင်းခြင်းနဲ့ နည်းပညာ ခိုးယူမှုကြောင့်” ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ တားမြစ်ချက်အရ ဆွီဒင် Carrier တွေဟာ သူတို့ရဲ့ 5G network တွေမှာ Huawei နဲ့ ZTE တို့ရဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို သုံးစွဲခွင့်မရကြတော့တာ ဖြစ်ပါတယ်။

ကနဦးတော့ ၂၀၂၅ အထိ သူတို့ရဲ့ တည်ရှိနေတဲ့အခြေခံအဆောက်အအုံတွေကနေ ဖယ်ရှားခွင့်ပေးထားတယ်လို့ သိရပါတယ်။ Huawei ကတော့ ပိတ်ပင်ခြင်းအတွက် အယူခံဝင်ထားပါသေးတယ်။ Ericsson ရဲ့ CEO က Huawei ဟာ ပြိုင်ဘက်ကြီးဖြစ်ပေမယ့် ထုတ်လုပ်မှုနယ်ပယ်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ Huawei နဲ့ ပူးပေါင်းခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ Ericsson ဟာ Huawei ရဲ့ အမိမြေမှာရှိတဲ့ သူ့ရဲ့စီးပွားရေးကို ကာကွယ်ဖို့အတွက် လုပ်ဆောင်လာနိုင်တယ်လို့ Financial Times ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

Ref: Gizmochina