စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်တဲ့ AnTuTu က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလရဲ့ စွမ်းရည်အမြင့်ဆုံး Android ဖုန်း ၁၀ လုံးစာရင်းကို ကြေညာလိုက်ပါတယ်။ အဲဒီ စာရင်းမှာ Qualcomm Snapdragon Chip ပါတဲ့ ဖုန်းတွေပဲ ပါဝင်လာပြီး MediaTek Chip ပါတဲ့ ဖုန်းတွေ မပါလာခဲ့ပါဘူး။

List of 10 Fastest Android Phones, AnTuTu version December 2021

စွမ်းရည်အမြင့်ဆုံး Android ဖုန်း စာရင်းမှာ BlackShark 4S Pro ဟာ နံပါတ် ၁ နေရာကို ၈၇၄,၇၀၂ မှတ်နဲ့ သိမ်းပိုက်ထားပြီး အဲဒီဖုန်းမှာ Snapdragon 888 Plus Chip ထည့်သွင်းထားပါတယ်။ နံပါတ် ၂ နဲ့ ၃ နေရာကို Nubia Red Magic 6S Pro နဲ့ iQOO 8 Pro တို့ ရရှိထားပြီး အဲဒီဖုန်းတွေမှာလည်း Snapdragon 888 Plus Chip ပဲ သုံးထားတာပါ။

Vivo X70 Pro Plus. [Vivo]

Vivo X70 Pro Plus က နံပါတ် ၄ နေရာကို သိမ်းပိုက်ထားပြီး Snapdragon 888 Plus ကိုပဲ အဲဒီဖုန်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ နံပါတ် ၅ နေရာကို Snapdragon 888 Chip ပါတဲ့ OPPO Find N က ရရှိထားပါတယ်။

AnTuTu ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွက် စွမ်းရည် အမြင့်ဆုံး Android ဖုန်း ၁၀ လုံး စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Black Shark 4S Pro (Snapdragon 888+) = 874.702 points
  • Nubia Red Magic 6S Pro (Snapdragon 888+) = 852.985 points
  • iQOO 8 Pro (Snapdragon 888+) = 845.580 points
  • Vivo X70 Pro + (Snapdragon 888+) = 837,109 points
  • Oppo Find N (Snapdragon 888) = 836, 772 points
  • iQOO 8 (Snapdragon 888) = 831,983 points
  • Asus ROG Phone 5s (Snapdragon 888+) = 831,905 points
  • iQOO Neo 5s (Snapdragon 888) = 825.706 points
  • Motorola Edge S30 (Snapdragon 888) = 825.232 points
  • Oppo Find X3 Pro (Snapdragon 888) = 825.047 points

အဲဒီ စာရင်းအရ ထိပ်ဆုံး ၄ နေရာနဲ့ နံပါတ် ၇ နေရာကို Snapdragon 888 Plus ပါတဲ့ ဖုန်းတွေပဲ ကြီးစိုးထားတာ ဖြစ်ပြီး ကျန်တဲ့ နေရာတွေကို Snapdragon 888 ပါတဲ့ ဖုန်းတွေ ရထားပါတယ်။

Ref : newsdelivers