[Zawgyi]

ေခတ္သစ္စမတ္ဖုန္းႀကိဳးဝိုင္းထဲမွာ ဆက္လက္ရွင္သန္က်န္ရစ္ႏိုင္ဖို႔အတြက္ Sony ဟာ Xperia ေတြကို အဆင့္ျမႇင့္တင္ၿပီး ႐ုန္းကန္ေနရတဲ့အခ်ိန္လို႔ ဆိုႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက စတင္လာခဲ့တဲ့ အေျပာင္းအလဲကို လာမယ့္ ၂၀၂၀ မွာ ထပ္ၿပီးေတာ့ အရွိန္ျမႇင့္လုပ္ေဆာင္သြားမယ့္ ပုံစံလည္း ျမင္ေတြ႕ေနရတာပါ။

လာမယ့္ ႏွစ္ေတြဟာ 5G ကြန္ရက္ခ်ိတ္ဆက္ႏိုင္တဲ့ စမတ္ဖုန္းေတြကို အဓိကထား အာ႐ုံစိုက္ထုတ္လုပ္လာၾကမယ့္ ႏွစ္ေတြလို႔ ဆိုႏိုင္ပါတယ္။ Sony ကလည္း သူတို႔ရဲ႕အေျပာင္းအလဲကာလကို 5G နည္းပညာနဲ႔ ခ်ိတ္ဆက္ႏိုင္မွသာ ေအာင္ျမင္တဲ့ အေျပာင္းအလဲျဖစ္လာမယ္ဆိုတာကို သိနားလည္ထားၾကပါတယ္။

ဂ်ပန္ ဝက္ဘ္ဆိုက္ Sumahoinfo ရဲ႕ ေဖာ္ျပခ်က္အရ Xperia 5 ဟာ 4G LTE ေထာက္ပံ့တဲ့ ေနာက္ဆုံး Flagship ျဖစ္မယ္လို႔ သိရပါတယ္။ တိုက်ိဳအေျခစိုက္ ကုမၸဏီႀကီးက ဒီေနာက္ပိုင္းထြက္လာမယ့္ Flagship ေတြအားလုံးကို 5G modem ေတြထည့္သြင္းေပးသြားမယ္လို႔ ဆိုပါတယ္။

Sony အေနနဲ႔ ေဈးကြက္ထဲက သူ႔ရဲ႕ေနရာကိုျပန္ယူဖို႔အတြက္ Samsung, Apple, Xiaomi စတာေတြအျပင္ တ႐ုတ္−အေမရိကန္ ကုန္သြယ္ေရးစစ္ၾကားမွာ ညပ္ေနတဲ့ Huawei ရဲ႕ စိတ္ေခၚမႈကိုလည္း ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဂ်ပန္ကုမၸဏီကေတာ့ မတ္လမွာကုန္ဆုံးမယ့္ လက္ရွိဘ႑ာေရးႏွစ္အတြင္း စမတ္ဖုန္းအလုံးေရေပါင္း ေလးသန္းအထိ ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

လာမယ့်နှစ် Flagship အားလုံးကို 5G ဟန်းဆက်တွေအဖြစ် ထုတ်လုပ်သွားဖွယ်ရှိတဲ့ Sony

ခေတ်သစ်စမတ်ဖုန်းကြိုးဝိုင်းထဲမှာ ဆက်လက်ရှင်သန်ကျန်ရစ်နိုင်ဖို့အတွက် Sony ဟာ Xperia တွေကို အဆင့်မြှင့်တင်ပြီး ရုန်းကန်နေရတဲ့အချိန်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ အပြောင်းအလဲကို လာမယ့် ၂၀၂၀ မှာ ထပ်ပြီးတော့ အရှိန်မြှင့်လုပ်ဆောင်သွားမယ့် ပုံစံလည်း မြင်တွေ့နေရတာပါ။

လာမယ့် နှစ်တွေဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းတွေကို အဓိကထား အာရုံစိုက်ထုတ်လုပ်လာကြမယ့် နှစ်တွေလို့ ဆိုနိုင်ပါတယ်။ Sony ကလည်း သူတို့ရဲ့အပြောင်းအလဲကာလကို 5G နည်းပညာနဲ့ ချိတ်ဆက်နိုင်မှသာ အောင်မြင်တဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုတာကို သိနားလည်ထားကြပါတယ်။

ဂျပန် ဝက်ဘ်ဆိုက် Sumahoinfo ရဲ့ ဖော်ပြချက်အရ Xperia 5 ဟာ 4G LTE ထောက်ပံ့တဲ့ နောက်ဆုံး Flagship ဖြစ်မယ်လို့ သိရပါတယ်။ တိုကျိုအခြေစိုက် ကုမ္ပဏီကြီးက ဒီနောက်ပိုင်းထွက်လာမယ့် Flagship တွေအားလုံးကို 5G modem တွေထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

Sony အနေနဲ့ ဈေးကွက်ထဲက သူ့ရဲ့နေရာကိုပြန်ယူဖို့အတွက် Samsung, Apple, Xiaomi စတာတွေအပြင် တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ကြားမှာ ညပ်နေတဲ့ Huawei ရဲ့ စိတ်ခေါ်မှုကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီကတော့ မတ်လမှာကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း စမတ်ဖုန်းအလုံးရေပေါင်း လေးသန်းအထိ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Ref: Phone Arena