Apple ဟာ ပြီးခဲ့တဲ့ iPhone 12 Series ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ Earpods အပြင် Charger ကိုပါ ဘူးထဲမှာ ထည့်သွင်းရောင်းချမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီအတွက် iPhone 12 Series အပြင် လက်ရှိရောင်းချနေတဲ့ iPhone အကုန်လုံးဟာ USB-C to Lightning Cable ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး Apple ကနေ Charger ကို ဖယ်ရှားပြီး ရောင်းချခဲ့တာကို Samsung နဲ့ Xiaomi လိုမျိုး ကုမ္ပဏီတွေကလည်း လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ အခုအချိန်မှာတော့ Samsung ကနေ မကြာခင်မိတ်ဆက်လာတော့မယ့် Galaxy S21 Series ဖုန်းတွေမှာ Charger နဲ့ Earphone ထည့်သွင်းရောင်းချမှာ မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။

Charger ပါဝင်မှာမဟုတ်တော့ဘူးဆိုတာက ပြီးခဲ့တဲ့လပိုင်းထဲက သတင်းတွေထွက်ရှိနေတာဖြစ်ပြီး အခုအချိန်မှာတော့ လုံးဝကို ထည့်သွင်းပေးတော့မှာမဟုတ်ပါဘူး။ ယခုသတင်းကို Brazil ရဲ့ ANATEL Certification ကနေ သိရှိခဲ့ရတာဖြစ်ပြီး Galaxy S21 Series ဖုန်း ၃ မျိုးစလုံးက Charger နဲ့ Earphone ပါဝင်ခြင်းမရှိဘူးဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung ကနေ Galaxy S21 Series ဖုန်းတွေအတွက် EP-TA800 နဲ့ EP-TA800B နာမည်နဲ့ Charger တွေကို ထုတ်သွားပေးမယ်လို့ သိရပါတယ်။ Brazil နိုင်ငံဟာ Apple iPhone 12 Series ကိုတော့ Charger ထည့်သွင်းရောင်းချဖို့ တွန်းအားပေးနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် အခုလိုမျိုး Galaxy S21 Series မှာမှ Charger နဲ့ Earphone မပါဝင်ဘူးဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ တခြားသော Region တွေမှာပါ Charger နဲ့ Earphone ထည့်သွင်းရောင်းချဖို့ကတော့ မသေချာတော့ဘူးဖြစ်ပါတယ်။

Ref – Gizmo China