ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Samsung ဟာ သူတို့ရဲ့ Expert RAW App ကို ပိုပြီးများတဲ့ ပရီမီယံဖုန်းတွေဆီ ပို့ဆောင်တော့မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ လအနည်းငယ်ကြာသွားတဲ့နောက်မှာတော့ Samsung ဟာ Expert RAW app update ကို ထုတ်ပေးလာတာတွေ့ရပါတယ်။

Expert RAW App ဟာ ကုမ္ပဏီရဲ့ တရားဝင် ထုတ်ကုန်တစ်ခုဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ဓါတ်ပုံတွေကို RAW format နဲ့ ရိုက်ကူးနိုင်တာပါ။ ဒါ့အပြင် Shutter speed နဲ့ ISO control တို့လိုမျိုး Pro-level control အချို့ကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ ဒီအထောက်အပံ့တွေက အသုံးပြုသူတွေကို ပိုပြီးကောင်းမွန်တဲ့ ရိုက်ကူးမှုအတွေ့အကြုံကို ဖြစ်ပေါ်စေပါတယ်။

Samsung ဟာ မကြာခဏဆိုသလိုပဲ Update တွေကတစ်ဆင့် Expert RAW ရဲ့ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ပေးနေပါတယ်။ အခုလည်း Update သစ်နဲ့အတူပိုကောင်းတဲ့ လုပ်ဆောင်ချက်အချို့ကို ယူဆောင်လာပေးပါပြီ။ ပြောင်းလဲမှုမှတ်တမ်းအရ Low-light photos တွေကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ ရိုက်ကူးလာနိုင်တာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အသေးစိပ်စမ်းသပ်လေ့လာပြီးချိန်မှာ Expert RAW App နဲ့ရိုက်ကူးထားတဲ့ရိုက်ချက်တွေဟာ DSLR နဲ့တူတဲ့ခံစားချက်ကို ဖြစ်ပေါ်စေတယ်လို့ မှတ်ချက်ပေးကြပါတယ်။ Expert RAW App ကို အသုံးပြုနိုင်တဲ့ဖုန်းတွေက Galaxy S21 Ultra, Galaxy Z Fold 3, Galaxy S22 series, Galaxy Note 20 Ultra နဲ့ Galaxy Z Fold 2 တို့ဖြစ်ပါတယ်။

Ref: sammobile