Samsung ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ Galaxy S21 Ultra အတွက် Expert RAW camera app ကို ထုတ်ပေးခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ Expert RAW app ကို Galaxy S22 စီးရီးဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်။ ကနဦးပို့ဆောင်မှုအပြီး ဧပြီလ ဒုတိယပတ်ထဲမှာတော့ နောက်ဆုံး Update ကို ထပ်ထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Samsung ဟာ သူတို့ရဲ့ Expert RAW app ကို ပိုပြီးတော့များတဲ့ ပရီမီယံဖုန်းတွေဆီ ပို့ဆောင်ပေးမယ်လို့ ဆိုခဲ့ဖူးပါတယ်။ အခုတော့ ဒါကိုလက်တွေ့အကောင်အထည်ဖော်နေတာ တွေ့ရပြီး Galaxy Z Fold3 မှာလည်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Galaxy Z Fold3 ပိုင်ရှင်တွေအနေနဲ့ Expert RAW app ကို Galaxy Store ကနေ အခမဲ့ Download ဆွဲယူရရှိနိုင်ပါတယ်။ အခုထုတ်ပေးထားတဲ့ဗားရှင်းကတော့ 1.0.02.6 ဖြစ်တာကိုတွေ့ရပြီး App ရဲ့ အရွယ်အစားကတော့ 50MB ဝန်းကျင်သာ ဖြစ်ပါတယ်။

Update changelog အရ Expert RAW ရဲ့ နောက်ဆုံးထွက်ဗားရှင်းဟာ အလင်းရောင်အားနည်းတဲ့ပတ်ဝန်းကျင်မှာ မြန်ဆန်စွာလုပ်ဆောင်ချိန်နဲ့ မြင်ကွင်းအမျိုးမျိုးအတွက် ရုပ်ပုံအရည်အသွေးမြှင့်တင်မှုတွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလကထွက်လာတဲ့ Update နဲ့ အတူတူပါပဲ။

ယုံကြည်စိတ်ချရတဲ့ Tipster တစ်ဦးဖြစ်တဲ့ Ice Universe ရဲ့ အဆိုအရ Expert RAW app ရရှိလာမဲ့ နောက်ထပ် Samsung ဖုန်းတွေဟာ Galaxy S20 Ultra, Galaxy Note20 Ultra နဲ့ Galaxy Z Fold2 တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်ဇူလိုင်လမတိုင်မီမှာ ရရှိမယ်လို့ သိရပါတယ်။

Ref: GSM Arena