[Zawgyi]

Samsung ဟာ သူ႔ရဲ႕ လာမယ့္ မ်ိဳးဆက္သစ္ Galaxy A စီးရီးဖုန္းေတြအတြက္ Mid-range processor ထုတ္လုပ္ဖို႔ အေစာကတည္းက လုပ္ေဆာင္ၿပီးသားျဖစ္ပါတယ္။ ဒီ Processor ကို Exynos 9630 ဆိုၿပီး ေခၚတြင္မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒါ့အျပင္ ဒီ Processor ဟာ Samsung ရဲ႕ ၂၀၂၀ ထုတ္ Galaxy A စီးရီးဖုန္းေတြမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

Exynos 9630 ကို ပထမဆုံးအျဖစ္ စတင္သုံးစြဲလာမယ့္ Galaxy A ဖုန္းကေတာ့ Samsung Galaxy A51 ဒါမွမဟုတ္ Galaxy A71 ျဖစ္မယ္လို႔လည္း သတင္းထြက္ေပၚထားပါတယ္။ ထုတ္လုပ္မႈနယ္ပယ္ထဲက ထြက္ေပၚလာတဲ့သတင္းအရဆိုရင္ေတာ့ Chip ဟာ ေသးငယ္တဲ့လုပ္ငန္းစဥ္ေပၚမွာ တည္ေဆာက္ထားၿပီး Low energy consumption (စြမ္းအင္သုံးစြဲမႈ ေလွ်ာ့ခ်ေပးမယ့္) Feature လည္းပါဝင္လာမွာျဖစ္သလို စြမ္းေဆာင္ရည္လည္း ပိုေကာင္းလာမယ္လို႔ သိရပါတယ္။

Exynos 9630 ဟာ Galaxy A50 မွာသုံးခဲ့တဲ့ Exynos 9610 ကို ဆက္ခံတဲ့ Processor လို႔လည္း ဆိုၾကပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ 8nm process လိုမ်ိဳး ပါပဲ။ GalaxyClub.nl မွာ ေရးသားေဖာ္ျပထားတာကေတာ့ ဒီ Chipset ရဲ႕ ကုဒ္နာမည္ဟာ S5E9630 ဆိုၿပီး ေတြ႕ရပါတယ္။ အျခားအခ်က္အလက္ အေသးစိတ္ကိုေတာ့ သိရွိရျခင္း မရွိေသးတာေၾကာင့္ ဆက္လက္ေစာင့္ဆိုင္းရဦးမွာပါ။

အျခားဆက္စပ္သတင္းအေနနဲ႔ကေတာ့ မ်ိဳးဆက္သစ္ Chipset တစ္ခုျဖစ္တဲ့ Exynos 9825 အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီ Chipset ဟာ Galaxy Note10 မွာ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔လည္း သတင္းထြက္လာတာပါ။ ဒီ Chipset ကို အခုထိ မိတ္ဆက္ရျခင္းမရွိေသးေပမယ့္ Samsung ရဲ႕ 7nm ultraviolet lithography နဲ႔တည္ေဆာက္ထားတယ္လို႔ ဆိုပါတယ္။ Exynos 9825 ဟာ 5G စနစ္ကို On-chip အျဖစ္ ေပါင္းစည္းတည္ေဆာက္ထားတယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

Exynos 9630 ဟာ ၂၀၂၀ ထုတ် Galaxy A ဖုန်းတွေအတွက်လို့ သတင်းထွက်ပေါ်လာ

Samsung ဟာ သူ့ရဲ့ လာမယ့် မျိုးဆက်သစ် Galaxy A စီးရီးဖုန်းတွေအတွက် Mid-range processor ထုတ်လုပ်ဖို့ အစောကတည်းက လုပ်ဆောင်ပြီးသားဖြစ်ပါတယ်။ ဒီ Processor ကို Exynos 9630 ဆိုပြီး ခေါ်တွင်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါ့အပြင် ဒီ Processor ဟာ Samsung ရဲ့ ၂၀၂၀ ထုတ် Galaxy A စီးရီးဖုန်းတွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Exynos 9630 ကို ပထမဆုံးအဖြစ် စတင်သုံးစွဲလာမယ့် Galaxy A ဖုန်းကတော့ Samsung Galaxy A51 ဒါမှမဟုတ် Galaxy A71 ဖြစ်မယ်လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။ ထုတ်လုပ်မှုနယ်ပယ်ထဲက ထွက်ပေါ်လာတဲ့သတင်းအရဆိုရင်တော့ Chip ဟာ သေးငယ်တဲ့လုပ်ငန်းစဉ်ပေါ်မှာ တည်ဆောက်ထားပြီး Low energy consumption (စွမ်းအင်သုံးစွဲမှု လျှော့ချပေးမယ့်) Feature လည်းပါဝင်လာမှာဖြစ်သလို စွမ်းဆောင်ရည်လည်း ပိုကောင်းလာမယ်လို့ သိရပါတယ်။

Exynos 9630 ဟာ Galaxy A50 မှာသုံးခဲ့တဲ့ Exynos 9610 ကို ဆက်ခံတဲ့ Processor လို့လည်း ဆိုကြပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ 8nm process လိုမျိုး ပါပဲ။ GalaxyClub.nl မှာ ရေးသားဖော်ပြထားတာကတော့ ဒီ Chipset ရဲ့ ကုဒ်နာမည်ဟာ S5E9630 ဆိုပြီး တွေ့ရပါတယ်။ အခြားအချက်အလက် အသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးတာကြောင့် ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။

အခြားဆက်စပ်သတင်းအနေနဲ့ကတော့ မျိုးဆက်သစ် Chipset တစ်ခုဖြစ်တဲ့ Exynos 9825 အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ Chipset ဟာ Galaxy Note10 မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့လည်း သတင်းထွက်လာတာပါ။ ဒီ Chipset ကို အခုထိ မိတ်ဆက်ရခြင်းမရှိသေးပေမယ့် Samsung ရဲ့ 7nm ultraviolet lithography နဲ့တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ Exynos 9825 ဟာ 5G စနစ်ကို On-chip အဖြစ် ပေါင်းစည်းတည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena