Zawgyi

Samsung ရဲ႕ Flagship ဖုန္းေတြျဖစ္တဲ့ Galaxy S နဲ႕ Galaxy Note ဖုန္းေတြကို ေနရာ ေဒသေပၚလိုက္ၿပီး ပရိုဆက္ဆာ အမ်ိဳးအစား ႏွစ္ခုနဲ႕ထုတ္လုပ္ေရာင္းခ်ေလ့ရွိပါတယ္။ တ႐ုတ္ျပည္နဲ႕ အေမရိကားတို႔မွာ ေရာင္းခ်တဲ့ ဖုန္းေတြကို Snapdragon ပရိုဆက္ဆာေတြနဲ႕ထုတ္လုပ္ထားၿပီး အာရွနိုင္ငံေတြနဲ႕ ဥေရာပ တို႔မွာေတာ့ Samsung ကိုယ္ပိုင္ Exynos ပရိုဆက္ဆာေတြနဲ႕ ထုတ္လုပ္ေရာင္းခ်ပါတယ္။

အခု ထပ္မံမိတ္ဆက္ေတာ့မယ့္ Galaxy S10 ဟာလည္း Snapdragon အသုံးျပဳ ေမာ္ဒယ္နဲ႕ Exynos အသုံးျပဳေမာ္ဒယ္ ဆိုၿပီး ထြက္ေပၚလာမွာပါ။ အခုဆိုရင္ေတာ့ Exynos 9820 အသုံးျပဳထားတဲ့ Galaxy S10 ရဲ႕ Geekbench ရမွတ္ ေပၚထြက္လာပါတယ္။

Geekbench မွာ ေပၚထြက္လာခဲ့တဲ့ Galaxy S10 ဟာ ေမာ္ဒယ္နံပါတ္ SM-G973N ျဖစ္ၿပီး Android 9 Pie ကို အသုံးျပဳထားကာ 6GB RAM ပါဝင္ပါတယ္။ Exynos 9820 ဟာ Based Frequency 1.95GHz ရွိၿပီး Geekbench ရမွတ္အေနနဲ႕ Single-core Test မွာ 4382 Points ရရွိထားၿပီး Multi-core Test မွာေတာ့ 9579 Points ထိ ရရွိထားတာကို ေတြ႕ရပါတယ္။ အရင္ ထြက္ရွိထားတဲ့ Exynos 9810 အသုံးျပဳ Galaxy S9 ကေတာ့ Single-core ရမွတ္ 3655 Points ရွိၿပီး Multi-core ရမွတ္ 8970 Points ရွိခဲ့တာေၾကာင့္ အခုထြက္ေပၚလာတဲ့ Exynos 9820 ဟာ စြမ္းေဆာင္ရည္ပိုင္း သိသိသာသာ တိုးတက္လာတယ္လို႔ဆိုရမွာပါ။

ဒါေပမယ့္လည္း Snapdragon 855 ပရိုဆက္ဆာ အသုံးျပဳထားတဲ့ Galaxy S10 ဟာ Multi-core ရမွတ္ 10,256 ရရွိထားပါတယ္။ Single-core ရမွတ္မွာေတာ့ 3413 ရရွိထားလို႔ Snapdragon 855 ဟာ Multi-core Performance အေကာင္းဆုံးျဖစ္ၿပီး Exynos ကေတာ့ Single-core Performance အေကာင္းဆုံးလို႔ ဆိုနိုင္ပါတယ္။

Ref: Gizmo China

Unicode

Exynos 9820 အသုံးပြုထားတဲ့ Galaxy S10 ရဲ့ Geekbench ရလဒ် ထွက်ပေါ်လာ

Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S နဲ့ Galaxy Note ဖုန်းတွေကို နေရာ ဒေသပေါ်လိုက်ပြီး ပရိုဆက်ဆာ အမျိုးအစား နှစ်ခုနဲ့ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ တရုတ်ပြည်နဲ့ အမေရိကားတို့မှာ ရောင်းချတဲ့ ဖုန်းတွေကို Snapdragon ပရိုဆက်ဆာတွေနဲ့ထုတ်လုပ်ထားပြီး အာရှနိုင်ငံတွေနဲ့ ဥရောပ တို့မှာတော့ Samsung ကိုယ်ပိုင် Exynos ပရိုဆက်ဆာတွေနဲ့ ထုတ်လုပ်ရောင်းချပါတယ်။

အခု ထပ်မံမိတ်ဆက်တော့မယ့် Galaxy S10 ဟာလည်း Snapdragon အသုံးပြု မော်ဒယ်နဲ့ Exynos အသုံးပြုမော်ဒယ် ဆိုပြီး ထွက်ပေါ်လာမှာပါ။ အခုဆိုရင်တော့ Exynos 9820 အသုံးပြုထားတဲ့ Galaxy S10 ရဲ့ Geekbench ရမှတ် ပေါ်ထွက်လာပါတယ်။

Geekbench မှာ ပေါ်ထွက်လာခဲ့တဲ့ Galaxy S10 ဟာ မော်ဒယ်နံပါတ် SM-G973N ဖြစ်ပြီး Android 9 Pie ကို အသုံးပြုထားကာ 6GB RAM ပါဝင်ပါတယ်။ Exynos 9820 ဟာ Based Frequency 1.95GHz ရှိပြီး Geekbench ရမှတ်အနေနဲ့ Single-core Test မှာ 4382 Points ရရှိထားပြီး Multi-core Test မှာတော့ 9579 Points ထိ ရရှိထားတာကို တွေ့ရပါတယ်။ အရင် ထွက်ရှိထားတဲ့ Exynos 9810 အသုံးပြု Galaxy S9 ကတော့ Single-core ရမှတ် 3655 Points ရှိပြီး Multi-core ရမှတ် 8970 Points ရှိခဲ့တာကြောင့် အခုထွက်ပေါ်လာတဲ့ Exynos 9820 ဟာ စွမ်းဆောင်ရည်ပိုင်း သိသိသာသာ တိုးတက်လာတယ်လို့ဆိုရမှာပါ။

ဒါပေမယ့်လည်း Snapdragon 855 ပရိုဆက်ဆာ အသုံးပြုထားတဲ့ Galaxy S10 ဟာ Multi-core ရမှတ် 10,256 ရရှိထားပါတယ်။ Single-core ရမှတ်မှာတော့ 3413 ရရှိထားလို့ Snapdragon 855 ဟာ Multi-core Performance အကောင်းဆုံးဖြစ်ပြီး Exynos ကတော့ Single-core Performance အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

Ref: Gizmo China