[Zawgyi]

ပုံမွန္ဆိုရင္ ဒီသတင္းကို ေျပာျပဖို႔က အရမ္းကို ေစာလြန္းေနပါေသးတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Exynos 9820 SoC ကို အသုံးျပဳထားတဲ့ Galaxy S10 စီးရီးက အခုခ်ိန္ထိ တရားဝင္ မထြက္ရွိေသးသလို Samsung Galaxy Note 10 ကလည္း သေႏၶေတာင္ မတည္ေသးပါဘူး။

Samsung အေနနဲ႔ Galaxy S10 စီးရီးမိတ္ဆက္ပြဲကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ Galaxy S10 စီးရီးရဲ႕ ေမာ္ဒယ္တခ်ိဴ႕မွာ Samsung ရဲ႕ ေနာက္ဆုံးထြက္ SoC ျဖစ္တဲ့ Exynos 9820 ကို အသုံးျပဳထားမွာ ျဖစ္ၿပီး ေမာ္ဒယ္တခ်ိဴ႕မွာေတာ့ Snapdragon 855 ေတြကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ Samsung ရဲ႕ ထုံးတမ္း အစဥ္အလာအရဆိုရင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လထဲမွာထြက္ရွိလာႏိုင္တဲ့ Galaxy Note 10 မွာလည္း အဆိုပါ SoC ေတြကိုပဲ အသုံးျပဳရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ Galaxy Note 10 က တမူ ထူးျခားၿပီး SoC အသစ္စက္စက္နဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိေနပါတယ္။

ဒီသတင္းကို အစပ်ိဴးလိုက္တဲ့ Leaker ႀကီးကေတာ့ Ice Universe ပဲ ျဖစ္ပါတယ္။ Samsung အေနနဲ႔ Exynos 9825 SoC ကို ဒီႏွစ္ ဒုတိယႏွစ္ဝက္မွာ ပြဲထုတ္ႏိုင္ဖြယ္ရွိေၾကာင္း Ice Universe က Weibo မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကြၽမ္းက်င္သူေတြက အဆိုပါ SoC ဟာ Galaxy Note 10 နဲ႔အတူ ပြဲထြက္လာႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကတာပါ။

Exynos 9825 နဲ႔ပတ္သတ္ၿပီး တျခားအခ်က္အလက္ေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Exynos 9820 ထက္ GPU နဲ႔ CPU စြမ္းေဆာင္ရည္ေတြမွာ ပိုမြန္ေကာင္းမြန္လာႏိုင္ၿပီး 7nm SoC အမ်ိဴးအစား ျဖစ္လာႏိုင္ပါတယ္။ Galaxy S10 စီးရီးမွာ အသုံးျပဳထားတဲ့ Exynos 9820 ေတြကေတာ့ 8nm SoC အမ်ိဴးအစားေတြ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

အသစ်ထွက်ရှိလာနိုင်တဲ့ Exynos 9825 SoC ကို Samsung Galaxy Note 10 မှာ စတင်အသုံးပြုဖွယ်ရှိ

ပုံမှန်ဆိုရင် ဒီသတင်းကို ပြောပြဖို့က အရမ်းကို စောလွန်းနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ Exynos 9820 SoC ကို အသုံးပြုထားတဲ့ Galaxy S10 စီးရီးက အခုချိန်ထိ တရားဝင် မထွက်ရှိသေးသလို Samsung Galaxy Note 10 ကလည်း သန္ဓေတောင် မတည်သေးပါဘူး။

Samsung အနေနဲ့ Galaxy S10 စီးရီးမိတ်ဆက်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Galaxy S10 စီးရီးရဲ့ မော်ဒယ်တချိူ့မှာ Samsung ရဲ့ နောက်ဆုံးထွက် SoC ဖြစ်တဲ့ Exynos 9820 ကို အသုံးပြုထားမှာ ဖြစ်ပြီး မော်ဒယ်တချိူ့မှာတော့ Snapdragon 855 တွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Samsung ရဲ့ ထုံးတမ်း အစဥ်အလာအရဆိုရင် ၂၀၁၉ခုနှစ် သြဂုတ်လထဲမှာထွက်ရှိလာနိုင်တဲ့ Galaxy Note 10 မှာလည်း အဆိုပါ SoC တွေကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Galaxy Note 10 က တမူ ထူးခြားပြီး SoC အသစ်စက်စက်နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိနေပါတယ်။

ဒီသတင်းကို အစပျိူးလိုက်တဲ့ Leaker ကြီးကတော့ Ice Universe ပဲ ဖြစ်ပါတယ်။ Samsung အနေနဲ့ Exynos 9825 SoC ကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ ပွဲထုတ်နိုင်ဖွယ်ရှိကြောင်း Ice Universe က Weibo မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက အဆိုပါ SoC ဟာ Galaxy Note 10 နဲ့အတူ ပွဲထွက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားကြတာပါ။

Exynos 9825 နဲ့ပတ်သတ်ပြီး တခြားအချက်အလက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Exynos 9820 ထက် GPU နဲ့ CPU စွမ်းဆောင်ရည်တွေမှာ ပိုမွန်ကောင်းမွန်လာနိုင်ပြီး 7nm SoC အမျိူးအစား ဖြစ်လာနိုင်ပါတယ်။ Galaxy S10 စီးရီးမှာ အသုံးပြုထားတဲ့ Exynos 9820 တွေကတော့ 8nm SoC အမျိူးအစားတွေ ဖြစ်ပါတယ်။

Ref : Gizmochina