Facebook က App မှာ ပြောင်းလဲမှု တချို့ကို ကြေညာလိုက်ပါတယ်။ App ကို ဖွင့်ရင် မြင်ရတဲ့ ပင်မ Feed ကို အခုတော့ Home လို့ နာမည်ပေးလိုက်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် ဒါဟာ သတင်းထူး မဟုတ်ပါဘူး။

Facebook adds a new tab called Feeds which is sorted chronologically

သတင်းထူးက App မှာ Feeds လို့ ခေါ်တဲ့ Tab အပို ၁ ခု ပါလာတာပါ။ Feeds Tab မှာ Filter အနည်းငယ် ထည့်သွင်းထားပြီး သင်မြင်ချင်တဲ့ အရာတွေကို ရွေးချယ်နိုင်ပါတယ်။ သင့် သူငယ်ချင်းတွေ၊ Group ၊ Page နဲ့ Favorites တွေကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ်။ သင် အနှစ်သက်ဆုံး သူငယ်ချင်းတွေနဲ့ Pages တွေကို ပြသပေးတဲ့ List  ဖြစ်ပါတယ်။

Facebook adds a new tab called Feeds which is sorted chronologically

Home Feed ကိုတော့ Facebook က ရှာဖွေတဲ့ အင်ဂျင် အဖြစ် ပြောင်းလဲထားပြီး Content အသစ်တွေနဲ့ Creator အသစ်တွေကို ရှာဖွေနိုင်၊ Follow လုပ်နိုင်ပါတယ်။ Feeds မှာ သင်နဲ့ ချိတ်ဆက်ထားပြီးသား လူတွေနဲ့ Community တွေကို မြင်ရမှာ ဖြစ်ပါတယ်။ Feeds မှာ “Suggested For You” ပို့စ်တွေကို မပြသပေးတော့ပါဘူး။

Facebook adds a new tab called Feeds which is sorted chronologically

Home နဲ့ Feeds Tab အသစ်တွေကို iOS နဲ့ Android ၂ ခုစလုံးက Facebook User တချို့အတွက် စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး User အားလုံးအတွက် နောက်တစ်ပတ်မှာ ရရှိနိုင်ပါတယ်။

အဲဒီ Tabs တွေ ပါတဲ့ Shortcut Bar ဟာ iOS App မှာ အောက်ခြေနဲ့ Android App မှာ ထိပ်ဘက်မှာ ပြသထားပါတယ်။ Shortcut Bar က အဲဒီ Tabs တွေဟာ သင် အသုံးပြုမှု အများဆုံး အပေါ်မူတည်ကာ ပြောင်းလဲသွားမှာပါ။ ဒါပေမယ့် သင်က Shortcut Bar က Tab တွေကို Pin လုပ်ထားနိုင်ပါတယ်။

Ref : gsmarena