Facebook မှာ ကိုရိုနာဗိုင်းရက်စ် သတင်းတွေပဲ အချိန်ပြည့်တက်နေတဲ့အတွက် ကြာကြာ သုံးနေရင် စိတ်ကျန်းမာရေးထိခိုက်လာမှာပါ။ ဒါ့အပြင် အိမ်မှာပဲ နေရတဲ့ အချိန်မှာ မိသားစုတွေနဲ့ နွေးနွေးထွေးထွေး နေရင် ပျော်စရာကောင်းမှာပါ။ အဲဒီအတွက် Facebook က လူမှုကွန်ရက် သုံးတာ နည်းသွားစေဖို့ Quiet Mode ထည့်သွင်းပေးလိုက်ပြီး Quiet Mode က သင် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ Notification တွေကို ပိတ်ထားပေးမှာပါ။

Quiet Mode က သင် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ App ကို ဖွင့်ရင် သင်ဟာ Quiet Mode မှာ ရှိနေတယ်လို့ သတိပေးမှာ ဖြစ်ပြီး Settings ကို ပြင်ဖို့ Shortcut ကို ပြပေးမှာပါ။ လက်ရှိမှာ Quiet Mode ကို Android မှာ မရသေးဘဲ iOS မှာပဲ ရပါသေးတယ်။

အခုအချိန်မှာ အွန်လိုင်း ဝန်ဆောင်မှု တော်တော်များများမှာ ကန့်သတ်မှုတွေ ရှိနေပါတယ်။ လိုင်းသုံးတာ အရမ်းများနေတဲ့အတွက် Netflix , TikTok နဲ့ YouTube တို့ဟာ Default Stream Quality ကို လျှော့ချထားပါတယ်။ ဒါ့အပြင် Facebook လည်း မနိုင်မနင်း ဖြစ်နေပါတယ်။ Facebook Messenger, Instagram နဲ့ WhatsApp တို့ကို သုံးပြီး ဆက်သွယ်နေကြတာ အရမ်းများနေပါတယ်။

App သုံးချိန် လျှော့ချပေးတဲ့ Digital Wellbeing ကို Android နဲ့ Screentime ကို iOS မှာ ထည့်သွင်းပေးထားကြပါတယ်။ လက်ရှိမှာ အိမ်ကနေ အလုပ်လုပ်နေကြတဲ့အတွက် အလုပ်နဲ့ မဆိုင်တဲ့ App တွေသုံးရင် အလုပ် ထိခိုက်မှာပါ။

Ref : gsmarena