Facebook ဟာ အခုနောက်ပိုင်းမှာ Fake News တွေနဲ့ Fake Account တွေကို တိုက်ဖျက်ဖို့ သေချာကိုအားထုတ်နေတာဖြစ်ပါတယ်။ အခုလည်း Facebook ကနေ Fake Account တွေကို သိရှိနိုင်တဲ့ Machine Learning Model အသစ်တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပြီလို့သိရပါတယ်။

လက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ အဆိုပါ Facebook ရဲ့ AI Tool အသစ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Fake Account ပေါင်း ၆.၆ ဘီလီယံကျော်ကို ဖယ်ရှာနိုင်ခဲ့တယ်လို့သိရပါတယ်။

အခုလိုမျိုး Fake Account တွေကို အောင်မြင်စွာဖယ်ရှားနိုင်ဖို့အတွက် အဆိုပါ AI Tool ဟာ Account တစ်ခုချင်းမှာရှိတဲ့ Deep Feature ပေါင်း ၂၀,၀၀၀ ကျော်ကို တွက်ချက်ရတယ်လို့ သိရပါတယ်။ အဆိုပါ Deep Feature တွေထဲမှာ အသုံးပြုသူတွေရဲ့ ပုံမှန် Data တွေတင်မဟုတ်ဘဲ Account တစ်ခုစီအတွက် စကားပြောဆိုဖြစ်တဲ့လူအရေအတွက်တွေ၊ ဝင်ရောက်ထားတဲ့ Group တွေနဲ့ အဆိုပါ Group တွေမှာ Active ဖြစ်မဖြစ်အကုန်လုံးကို တွက်ချက်ထားတယ်လို့သိရပါတယ်။

Facebook ရဲ့ လက်ရှိခန့်မှန်းချက်အရတော့ လက်ရှိ အသုံးပြုနေတဲ့အသုံးပြုသူအားလုံးရဲ့ ၅ ရာခိုင်နှုန်းက Fake Account တွေဖြစ်တယ်လို့ ခန့်မှန်းထားပြီးတော့ ဆက်တိုက်ကို တိုက်ဖျက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref – GizChina