Facebook ဟာ User ဒေတာတွေ အခွင့်မရှိဘဲ ရယူမှုကြောင့် နောက်ထပ် တရားစွဲဆိုမှု အသစ် ၁ ခုနဲ့ ရင်ဆိုင်လိုက်ရပါပြီ။ Facebook ဟာ Instagram  Users တွေရဲ့ ခွင့်ပြုချက် မရဘဲ ဆဲလ်ဖီး ကင်မရာတွေကနေ စုံစမ်းထောက်လှမ်းနေတယ်ဆိုပြီး တရားစွဲခံလိုက်ရတာပါ။ Instagram ဟာ User တွေ မသုံးတဲ့ အချိန်မှာ iPhone ကင်မရာတွေကို အခွင့်မရှိဘဲ သုံးနေတယ်လို့ သတင်းများစွာ ထွက်လာပြီးနောက်မှာ အခုလို တရားစွဲမှု ထွက်လာတာပါ။ Facebook ကတော့ ဒီသတင်းကို ငြင်းဆိုထားပြီး Bug ၁ ခုကြောင့်လို့ အပြစ်ပုံချပါတယ်။ အဲဒီ Bug ကို လက်ရှိမှာ မြန်မြန်ဆန်ဆန် ပြင်ဆင်နေပါတယ်။

အမေရိကန် ၊ နယူးဂျာစီက Instagram User ၁ ယောက်က ဒီ ၁ ပတ် အစောပိုင်းမှာ Facebook ကို တရားစွဲလိုက်တာပါ။ သူက “ Facebook ဟာ User ဒေတာတွေကို ရယူချင်လို့ ဒီလို တမင်သက်သက်လုပ်ထားတာပါ။ User တွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးယူနေတာ ကြောက်စရာ ကောင်းပါတယ်။ ကြော်ငြာလုပ်ငန်းအတွက် နေအိမ် ၁ ခုလုံးမှာ ဖြစ်ပျက်နေတာတွေကို စုံစမ်းနေကြတာပါ။ “ လို့ ပြောပါတယ်။

Facebook က ဒီကိစ္စကို ဘာမှ မတုန့်ပြန်သေးပါဘူး။ Facebook ဟာ ပြီးခဲ့တဲ့ ၁ လလောက်ကလည်း User ဒေတာတွေ တရားမဝင် ရယူမှုကြောင့် တရားစွဲခံခဲ့ရပါသေးတယ်။ အခုတော့ ၁ ပူပေါ် ၂ ပူဆင့် ဆိုသလို ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အင်တာနက် သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေ လုံခြုံမှုနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ငြင်းခုန်ဆွေးနွေးမှုတွေ ရှိလာပြီး Google , Facebook တို့လို နာမည်ကျော် ကုမ္ပဏီတွေဟာ User ဒေတာတွေကို တရားမဝင် ခိုးယူနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Facebook ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။

Ref : gizmochina