[Zawgyi]

ၿပီးခဲ့တဲ့ရက္ ညဦးပိုင္းေလာက္ကစၿပီး ကမာၻတစ္ဝန္းက Facebook, Instagram, Messenger နဲ႔ WhatsApp စတဲ့ အသုံးျပဳသူအခ်ိဳ႕ဟာ App ေတြကို ဖြင့္မရျခင္းနဲ႔ ႀကဳံႀကိဳက္ခဲ့ၾကရပါတယ္။ ဒီျဖစ္ရပ္ဟာ အသုံးျပဳသူတိုင္းမွာ ႀကဳံေတြ႕ရတာမဟုတ္ဘဲ အခ်ိဳ႕မွာသာႀကဳံေတြ႕ရျခင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။

Facebook နဲ႔ Messenger App အသုံးျပဳသူအခ်ိဳ႕ကေတာ့ App ကို ဖြင့္လို႔ရေပမယ့္ Message ပို႔လို႔မရတာ၊ ဒါမွမဟုတ္ Message ဝင္မလာတာမ်ိဳးနဲ႔ ႀကဳံေတြ႕ၾကရေၾကာင္း သိရပါတယ္။ အခ်ိဳ႕ကလည္း Content အသစ္ကို ဖန္တီးလႊင့္တင္လို႔မရတဲ့ ျဖစ္ရပ္နဲ႔ ႀကဳံရတာ ျဖစ္ပါတယ္။

WhatApp မွာေတာ့ အမ်ားစုမွာ ျပႆနာမႀကဳံခဲ့ရေပမယ့္ ပါရာေဂြး၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ အာဂ်င္တီးနား စတဲ့ ႏိုင္ငံေတြမွာေတာ့ Message ပို႔လိုက္ေပမယ့္ Experiencing ျဖစ္သြားျခင္းေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ The Verge က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဘရာဇီးကေတာ့ အျခားႏိုင္ငံေတြထက္ ပိုၿပီးျပႆနာႀကဳံခဲ့ရတယ္လို႔လည္း သိရပါတယ္။

အခ်ိဳ႕ေနရာေတြမွာေတာ့ Messenger ဟာ Desktop ေတြမွာ ဖြင့္လို႔မရျဖစ္ခဲ့ေပမယ့္ Mobile app မွာေတာ့ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ၾကတယ္လို႔လည္း သိရပါတယ္။ Instagram ကေတာ့ ဆိုးဆိုး႐ြား႐ြား ျဖစ္ခဲ့ၿပီး Post ေတြကို တင္မရ၊ ၾကည့္မရျဖစ္ခဲ့ၿပီး Storeis ေတြလည္း က်ဆင္းျခင္းနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး Facebook ကေတာ့ Facebook မိသားစုဝင္ Apps ေတြမွာ အသုံးျပဳလို႔မရတဲ့ ျပႆနာအခ်ိဳ႕နဲ႔ ႀကဳံေတြ႕ေနရေၾကာင္း၊ Facebook အေနနဲ႔ ျမန္ႏိုင္သမွ်ျမန္ေအာင္ ေျဖရွင္းသြားဖို႔ ႀကိဳးစားေနေၾကာင္း အသိေပးေၾကညာခဲ့ပါတယ္။

အခုလိုမ်ိဳး အသုံးမျပဳႏိုင္ဘဲ ျပတ္ေတာက္မႈျဖစ္သြားတဲ့ ႏိုင္ငံေတြထဲမွာ နယူးအဂၤလန္၊ တကၠဆက္ျပည္နယ္၊ ဆီယက္တဲလ္၊ ဝါရွင္တန္၊ ပီ႐ူးအပါအဝင္ လက္တင္အေမရိက အခ်ိဳ႕အစိတ္အပိုင္းမ်ား၊ ၿဗိတိန္၊ အိႏၵိယနဲ႔ ဖိလစ္ပိုင္ ႏိုင္ငံတို႔က အဓိက ပါဝင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကေနဒါ၊ လက္စ္ေဗးဂတ္စ္နဲ႔ တူရကီ စတဲ့ႏိုင္ငံေတြမွာလည္း အလားတူ ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရပါတယ္။

Ref: The Verge

[Unicode]

ကမ္ဘာတစ်ဝန်းက Facebook နဲ့ Instagram အချို့ ဖွင့်မရခြင်းဖြစ်ပေါ်ခဲ့ကြ

ပြီးခဲ့တဲ့ရက် ညဦးပိုင်းလောက်ကစပြီး ကမ္ဘာတစ်ဝန်းက Facebook, Instagram, Messenger နဲ့ WhatsApp စတဲ့ အသုံးပြုသူအချို့ဟာ App တွေကို ဖွင့်မရခြင်းနဲ့ ကြုံကြိုက်ခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ဟာ အသုံးပြုသူတိုင်းမှာ ကြုံတွေ့ရတာမဟုတ်ဘဲ အချို့မှာသာကြုံတွေ့ရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Facebook နဲ့ Messenger App အသုံးပြုသူအချို့ကတော့ App ကို ဖွင့်လို့ရပေမယ့် Message ပို့လို့မရတာ၊ ဒါမှမဟုတ် Message ဝင်မလာတာမျိုးနဲ့ ကြုံတွေ့ကြရကြောင်း သိရပါတယ်။ အချို့ကလည်း Content အသစ်ကို ဖန်တီးလွှင့်တင်လို့မရတဲ့ ဖြစ်ရပ်နဲ့ ကြုံရတာ ဖြစ်ပါတယ်။

WhatApp မှာတော့ အများစုမှာ ပြဿနာမကြုံခဲ့ရပေမယ့် ပါရာဂွေး၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဂျင်တီးနား စတဲ့ နိုင်ငံတွေမှာတော့ Message ပို့လိုက်ပေမယ့် Experiencing ဖြစ်သွားခြင်းတွေကို ကြုံတွေ့ခဲ့ရတယ်လို့ The Verge က ရေးသားဖော်ပြခဲ့ပါတယ်။ ဘရာဇီးကတော့ အခြားနိုင်ငံတွေထက် ပိုပြီးပြဿနာကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။

အချို့နေရာတွေမှာတော့ Messenger ဟာ Desktop တွေမှာ ဖွင့်လို့မရဖြစ်ခဲ့ပေမယ့် Mobile app မှာတော့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြတယ်လို့လည်း သိရပါတယ်။ Instagram ကတော့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီး Post တွေကို တင်မရ၊ ကြည့်မရဖြစ်ခဲ့ပြီး Storeis တွေလည်း ကျဆင်းခြင်းနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး Facebook ကတော့ Facebook မိသားစုဝင် Apps တွေမှာ အသုံးပြုလို့မရတဲ့ ပြဿနာအချို့နဲ့ ကြုံတွေ့နေရကြောင်း၊ Facebook အနေနဲ့ မြန်နိုင်သမျှမြန်အောင် ဖြေရှင်းသွားဖို့ ကြိုးစားနေကြောင်း အသိပေးကြေညာခဲ့ပါတယ်။

အခုလိုမျိုး အသုံးမပြုနိုင်ဘဲ ပြတ်တောက်မှုဖြစ်သွားတဲ့ နိုင်ငံတွေထဲမှာ နယူးအင်္ဂလန်၊ တက္ကဆက်ပြည်နယ်၊ ဆီယက်တဲလ်၊ ဝါရှင်တန်၊ ပီရူးအပါအဝင် လက်တင်အမေရိက အချို့အစိတ်အပိုင်းများ၊ ဗြိတိန်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံတို့က အဓိက ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကနေဒါ၊ လက်စ်ဗေးဂတ်စ်နဲ့ တူရကီ စတဲ့နိုင်ငံတွေမှာလည်း အလားတူ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

Ref: The Verge