ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Facebook ပိုင်ဆိုင်တဲ့ Messaging Service ဖြစ်တဲ့ WhatsApp မှာ Disappearing Messages Feature ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Facebook Messenger နဲ့ Instagram တို့မှာ အလားတူ Feature တစ်ခုကို ရရှိလာတော့မယ်လို့ သိရပါတယ်။

ဒီလိုမျိုး Facebook Messenger နဲ့ Instagram မှာ ရရှိလာမယ့် Feature ကိုတော့ Vanish Mode လို့ နာမည်ပေးထားမှာဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ပုံစံကလည်း ဒီ App ၂ ခုစလုံးမှာ တူညီမှာဖြစ်ပါတယ်။

Vanish Mode လို့ နာမည်ပေးထားတဲ့အတိုင်း အဆိုပါ Mode နဲ့ စာပို့မယ်ဆိုရင် Conversation ထဲကနေ ပြန်ထွက်လိုက်တာနဲ့ ချက်ချင်းဖျက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Messenger မှာ Secret Conversation Feature နဲ့လည်း တူညီမှာမဟုတ်ဘဲ မှားပြီး Conversation ကနေ ထွက်မိသွားတာနဲ့ ဖျက်သွားမှာပါ။

အခုလိုမျိုး Conversation ကထွက်တာမဟုတ်ဘဲ တခြား App ကို ပြောင်းသုံးမိတာနဲ့ Screen ပိတ်သွားရင်လည်း Message တွေ ပျက်သွားဦးမှာဖြစ်ပါတယ်။ ဒီလိုမျိုး Security ပိုင်းကောင်းမွန်အောင် ဆောင်ရွက်ထားပေမယ့်လည်း သိမ်းထားချင်တဲ့ Message တွေကို Screenshot ရိုက်ထားလို့ရနေတာကတော့ အားနည်းချက်တစ်ခုဖြစ်မှာပါ။

Vanish Mode Feature ဟာ Personal Conversation တွေအပြင် Group Chat တွေမှာပါ အလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Facebook ရဲ့ ပြောကြားချက်အရတော့ Conversation တွေကို Report လုပ်လို့ရတဲ့အတွက် ပြန်ထွက်လာတာနဲ့ Message တွေက ပျက်သွားမှာဖြစ်ပေမယ့်လည်း Server ပေါ်မှာတော့ ၁၄ ရက်ခန့်ရှိနေမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook Messenger နဲ့ Instagram မှာ Unsend Feature အပြင် ဒီလိုမျိုး Vanish Mode ရရှိလာတာက တချို့သောသူတွေအတွက်ကတော့ ပိုအဆင်ပြေနိုင်မှာပါ။

Ref – GSM Arena