Facebook ဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတေ့ာ အသုံးဝင်တဲ့ Feature တွေကို ဆက်တိုက်ထည့်သွင်းနေတာဖြစ်ပါတယ်။ အဆိုပါ Feature တွေထဲမှာ WHO နဲ့ပူးပေါင်းပြီး အခြေခံအချက်အလက်တွေကို သိရှိနိုင်မယ့် Information Center ၊ COVID-19 နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို Fake News ဟုတ်မဟုတ် စစ်ဆေးတဲ့ Feature တွေလည်းပါဝင်ပါတယ်။

အခုလည်း Facebook ကနေ Facebook Newsfeed နဲ့ Instagram Feed တွေမှာ Face Mask အသုံးပြုဖို့အတွက် သတိပေးချက်ကို ဖော်ပြသွားမယ်လို့ သိရပါတယ်။ အဆိုပါ သတိပေးချက်ဟာ Newsfeed ရဲ့ အပေါ်ဆုံးမှာ ဖော်ပြသွားမှာဖြစ်ပြီးတေ့ာ COVID-19 Information Center ကိုဝင်ရောက်နိုင်တဲ့ Link ကိုလည်း တွဲပြီးဖော်ပြသွားမှာဖြစ်ပါတယ်။

Instagram အနေနဲ့ကတော့ COVID-19 Information Center အစား Centers for Disease Control ရဲ့ Website ဖြစ်တဲ့ “cdc.gov” ကို သွားရောက်နိုင်မယ့် Button တစ်ခုပါဝင်မှာပါ။ Facebook ကုမ္ပဏီရဲ့ပြောကြားချက်အရတော့ အခုလိုဆောင်ရွက်တာက US မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ US တစ်နိုင်ငံအတွင်းမှာတင် လူဦးရေ ၂.၇ သန်းကျော် ကူးစက်ခံထားရပြီး ၁၂၈,၀၀၀ ကျော်အသက်သေဆုံးပြီးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို Face Mask တွေအသုံးပြုဖို့ သတိပေးချက်တွေကို ယနေ့မှစတင်ပြီးတော့ Account တွေမှာ ဖော်ပြသွားမယ်လို့ သိရပါတယ်။

Ref – The Verge