Unicode

WhatsApp ထဲမှ သယ်ဆောင်လာတဲ့ Malware တစ်ခုကြောင့် Amazon အကြီးအကဲ Jeff Bezos ရဲ့ ကိုယ်ရေးအချက်အလက်တွေ Hack ခံလိုက်ရပေမယ့် WhatsApp ရဲ့ပိုင်ရှင် Facebook ကတော့ ဒီလိုပေါက်ကြားမှုရဲ့ အဓိက ပြဿနာက Jeff Bezos ကိုင်ဆောင်အသုံးပြုနေတဲ့ အိုင်ဖုန်းကြောင့်သာဖြစ်တယ်လို့ ပြန်အပြစ်တင်လိုက်ပါတယ်။

Facebook ရဲ့ နိုင်ငံတကာအမှုအခင်းနဲ့ဆက်သွယ်ရေးဥက္ကဌတစ်ဦးဖြစ်သူ Nick Clegg က အခုလိုပြန်ပြောခဲ့တာ ဖြစ်ပြီး အဆိုပါအိုင်ဖုန်းထဲမှာဖြစ်ခဲ့တဲ့ပေါက်ကြားမှုအတွက် Apple ရဲ့လုံခြုံရေးစနစ်မှာသာ အပြစ်ရှိတယ်လို့ လွှဲချခဲ့ပါတယ်။ Jeff Bezos ရဲ့ ဖုန်းထဲမှာ 4.4MB ပမာဏသာရှိတဲ့ ဗီဒီယိုတစ်ခုဟာ WhatsApp ပလက်ဖောင်းပေါ်ကနေ Share လာရာက စတင်တာဖြစ်ပေမယ့် သူ့ရဲ့ Malware အမျိုးအစားဟာ iOS စက်နှင်စနစ်ကိုသာ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးအစား ဖြစ်တာကြောင့် အခုလို တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါဖြစ်ရပ်ကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Jeff Bezos ရဲ့ ကိုယ်ရေး အချက်အလက်တွေ Gigabyte နဲ့ချီပြီး ခိုးယူခံခဲ့ရပါတယ်။ WhatsApp နဲ့ Instagram တို့ကို ပိုင်ဆိုင်တဲ့ Facebook က သူတို့ရဲ့ End-to-end Encryption စနစ်ကို အသုံးပြုထားတဲ့ လုံခြုံရေးစနစ်ဟာ ထိုးဖောက်လို့မရဘူးလို့ အကြောက်အကန် ငြင်းဆိုခဲ့ပါတယ်။

Facebook အကြီးအကဲတစ်ဦးက အခုလို ခုခံပြောကြားနေပေမယ့် WhatsApp ကုမ္ပဏီကိုယ်တိုင်ကတော့ အစ္စရေး အခြေစိုက် NSO Group တစ်ခုကို အရေးပါတဲ့ပုဂ္ဂိုလ်များရဲ့ ပရိုဖိုင်ကို ချိုးဖောက်ဝင်ရောက်ရန် Malware များ ဖန်တီးထားမှုနဲ့ တရားစွဲဆိုထားလျက်ရှိပါတယ်။ မကြာသေးခင်ကလည်း တရုတ်အခြေစိုက် Hacker အဖွဲ့တစ်ခုက End-to-end လုံခြုံရေး စနစ်ကို အစမ်းချိုးဖောက်ပြသခဲ့ပါသေးတယ်။

Ref – Gizmo China

Zawgyi

WhatsApp ထဲမွ သယ္ေဆာင္လာတဲ့ Malware တစ္ခုေၾကာင့္ Amazon အႀကီးအကဲ Jeff Bezos ရဲ႕ ကုိယ္ေရးအခ်က္အလက္ေတြ Hack ခံလိုက္ရေပမယ့္ WhatsApp ရဲ႕ပုိင္ရွင္ Facebook ကေတာ့ ဒီလိုေပါက္ၾကားမႈရဲ႕ အဓိက ျပႆနာက Jeff Bezos ကိုင္ေဆာင္အသုံးျပဳေနတဲ့ အုိင္ဖုန္းေၾကာင့္သာျဖစ္တယ္လို႔ ျပန္အျပစ္တင္လိုက္ပါတယ္။

Facebook ရဲ႕ ႏုိင္ငံတကာအမႈအခင္းနဲ႔ဆက္သြယ္ေရးဥကၠဌတစ္ဦးျဖစ္သူ Nick Clegg က အခုလိုျပန္ေျပာခဲ့တာ ျဖစ္ၿပီး အဆုိပါအိုင္ဖုန္းထဲမွာျဖစ္ခဲ့တဲ့ေပါက္ၾကားမႈအတြက္ Apple ရဲ႕လုံျခဳံေရးစနစ္မွာသာ အျပစ္ရွိတယ္လို႔ လႊဲခ်ခဲ့ပါတယ္။ Jeff Bezos ရဲ႕ ဖုန္းထဲမွာ 4.4MB ပမာဏသာရွိတဲ့ ဗီဒီယုိတစ္ခုဟာ WhatsApp ပလက္ေဖာင္းေပၚကေန Share လာရာက စတင္တာျဖစ္ေပမယ့္ သူ႕ရဲ႕ Malware အမ်ဳိးအစားဟာ iOS စက္ႏွင္စနစ္ကိုသာ တုိက္ခုိက္ဖို႔ ရည္ရြယ္ထားတဲ့ အမ်ဳိးအစား ျဖစ္တာေၾကာင့္ အခုလို တုံ႔ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ အဆုိပါျဖစ္ရပ္ေၾကာင့္ ကမာၻ႕အခ်မ္းသာဆုံးပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ Jeff Bezos ရဲ႕ ကိုယ္ေရး အခ်က္အလက္ေတြ Gigabyte နဲ႔ခ်ီၿပီး ခုိးယူခံခဲ့ရပါတယ္။ WhatsApp နဲ႔ Instagram တုိ႔ကို ပိုင္ဆုိင္တဲ့ Facebook က သူတုိ႔ရဲ႕ End-to-end Encryption စနစ္ကို အသုံးျပဳထားတဲ့ လုံျခဳံေရးစနစ္ဟာ ထိုးေဖာက္လို႔မရဘူးလို႔ အေၾကာက္အကန္ ျငင္းဆုိခဲ့ပါတယ္။

Facebook အႀကီးအကဲတစ္ဦးက အခုလို ခုခံေျပာၾကားေနေပမယ့္ WhatsApp ကုမၸဏီကုိယ္တုိင္ကေတာ့ အစၥေရး အေျခစုိက္ NSO Group တစ္ခုကို အေရးပါတဲ့ပုဂၢိဳလ္မ်ားရဲ႕ ပရုိဖုိင္ကို ခ်ဳိးေဖာက္ဝင္ေရာက္ရန္ Malware မ်ား ဖန္တီးထားမႈနဲ႔ တရားစြဲဆုိထားလ်က္ရွိပါတယ္။ မၾကာေသးခင္ကလည္း တရုတ္အေျခစိုက္ Hacker အဖြဲ႕တစ္ခုက End-to-end လုံျခဳံေရး စနစ္ကို အစမ္းခ်ဳိးေဖာက္ျပသခဲ့ပါေသးတယ္။

Ref – Gizmo China