Facebook ဟာ အခုနောက်ပိုင်းမှာ Messenger နဲ့ပတ်သက်ပြီး Design ပြောင်းလဲမှုတွေ၊ Dark Mode လိုမျိုး Feature တွေထုတ်ပေးလာသလို မကြာသေးခင်တုန်းကလည်း Desktop App အသစ်နဲ့ လူအယောက် ၅၀ အထိ Video Call ပြောဆိုနိုင်တဲ့ Messenger Rooms Feature တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Facebook ကနေ Messenger အတွက် Privacy နဲ့ သက်ဆိုင်တဲ့ Feature အသစ်ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ ဒါပေမယ့်လည်း အခု Feature ဟာ Android User တွေထက် Apple iOS Version အတွက်ပဲ စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကတော့ Messenger App ထဲဝင်ရောက်မယ်ဆိုရင် ဖုန်းကို Unlock ပြုလုပ်ထားတယ်ဆိုရင်တောင်မှ Face ID နဲ့ Sign In ဝင်ရောက်ဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ပြုလုပ်လိုက်တာက တကယ်လို့ ဖုန်းပိုင်ရှင်မဟုတ်တဲ့ တစ်ယောက်ယောက်က Messenger ထဲက Message တွေကို ဝင်ရောက်ဖတ်ကြည့်တာမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Facebook Messenger မှာ Face ID Unlock ကို လိုအပ်တဲ့အချိန်ကိုလည်း Messenger App ကနေ ထွက်သွားတဲ့အချိန်ချက်ချင်း ဒါမှမဟုတ် ၁ မိနစ်၊ ၁ နာရီအထိ သတ်မှတ်ထားနိုင်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Google Drive App ဟာ တူညီတဲ့ Face ID လိုအပ်တဲ့ Privacy Feature တစ်ခုကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။

Facebook ကတော့ အခုလိုမျိုး Feature ဟာ အသုံးပြုသူတွေရဲ့ Privacy ကို သိသိသာသာပိုပြီး လုံခြုံစေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာလည်း Android OS အတွက်ပါ ရရှိအောင် ပြုလုပ်ပေးမယ်လို့ ယူဆရပါတယ်။

Ref – Engadget