[Zawgyi]

၂၀၁၈ ခုႏွစ္ကစၿပီး ျပႆနာေတြ တစ္ခုၿပီးတစ္ခု တက္လာတဲ့ Facebook ဟာ ၂၀၁၉ မွာလည္း အသစ္အသစ္ေသာ ျပႆနာေတြနဲ႔ လုံးလည္လိုက္ေနဆဲ ျဖစ္ပါတယ္။ လုံၿခဳံေရးအားနည္းတာ၊ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို မထိန္းသိမ္းႏိုင္တာ စတဲ့ အားနည္းခ်က္ေတြက Facebook ရဲ႕ ျပႆနာေတြထဲမွာ ႀကီးမားတဲ့ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္ေနပါတယ္။

Facebook ဟာ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို ေပါက္ၾကားေစခဲ့တာေၾကာင့္ Federal Trade Commission (ဖက္ဒရယ္ ကုန္သြယ္ေရး ေကာ္မရွင္) ကလည္း ဒဏ္ေငြ သန္းနဲ႔ခ်ီၿပီး ခ်မွတ္ဖို႔ လုပ္ေဆာင္ေနခဲ့ပါတယ္။ အခု ထပ္မံရင္ဆိုင္ေနရတဲ့ ျပႆနာကေတာ့ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို ကုမၸဏီေတြနဲ႔ အေပးအယူလုပ္ခဲ့တာနဲ႔ ပတ္သက္တာပါ။

The New York Times သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ အေမရိကန္ ရာဇဝတ္မႈ စုံစမ္းစစ္ေဆးေရးဟာ အသုံးျပဳသူအခ်က္အလက္ေတြကို ကုမၸဏီေတြနဲ႔ အေပးအယူလုပ္ခဲ့တဲ့ Facebook ရဲ႕ အတိတ္ကလုပ္ရပ္ေတြကို အေသးစိတ္ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ Facebook အတြက္ေတာ့ ေႁမြပူရာကင္းေမွာင့္ ျဖစ္ရပ္ပါပဲ။

တရား႐ုံးဆင့္စာအရေတာ့ စမတ္ဖုန္းထုတ္လုပ္သူ ကုမၸဏီႏွစ္ခုနဲ႔ Facebook တို႔ရဲ႕ အခ်က္အလက္ အေပးအယူျပဳလုပ္မႈအေပၚ Facebook က လာေရာက္ အစစ္ေဆးခံဖို႔ လိုအပ္ေၾကာင္း သိရွိရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေနာက္ကြယ္က အေၾကာင္းအရာေတြကို အတိအက် သိရွိႏိုင္ဖို႔ ရာဇဝတ္မႈစုံစမ္းစစ္ေဆးေရးက လုပ္ေဆာင္ရတာ ျဖစ္ပါတယ္။

Facebook ကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သူတို႔အေနနဲ႔ စုံစမ္းစစ္ေဆးမႈမွာ အေလးအနက္ ပူးေပါင္းပါဝင္ လ်က္ရွိေၾကာင္း၊ ဒါ့အျပင္ တရား႐ုံးမွာ သက္ေသခံခ်က္ ထြက္ဆိုခဲ့ေၾကာင္း၊ တရား႐ုံးရဲ႕ ေမးျမန္းမႈေတြကိုလည္း ျပန္လည္ေျဖဆိုခဲ့ေၾကာင္းနဲ႔ ဒီလိုဆက္လက္လုပ္ေဆာင္သြားဖို႔လည္း ကတိျပဳခဲ့ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္။

Facebook ဟာ ၂၀၁၆ ခုႏွစ္တုန္းကလည္း အေမရိကန္သမၼတေ႐ြးေကာက္ပြဲကာလအတြင္း အသုံးျပဳသူအခ်က္အလက္ေတြကို အလြဲသုံးခဲ့တယ္လို႔ သတင္းဆိုးထြက္ခဲ့ဖူးပါေသးတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အေမရိကန္မွာရွိတဲ့ Facebook သုံးစြဲသူဦးေရဟာ သိသိသာသာ က်ဆင္းခဲ့တာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

Ref: GSMArena

[Unicode]

အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အပေးအယူပြုလုပ်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ Facebook

၂၀၁၈ ခုနှစ်ကစပြီး ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာတဲ့ Facebook ဟာ ၂၀၁၉ မှာလည်း အသစ်အသစ်သော ပြဿနာတွေနဲ့ လုံးလည်လိုက်နေဆဲ ဖြစ်ပါတယ်။ လုံခြုံရေးအားနည်းတာ၊ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မထိန်းသိမ်းနိုင်တာ စတဲ့ အားနည်းချက်တွေက Facebook ရဲ့ ပြဿနာတွေထဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။

Facebook ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ပေါက်ကြားစေခဲ့တာကြောင့် Federal Trade Commission (ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင်) ကလည်း ဒဏ်ငွေ သန်းနဲ့ချီပြီး ချမှတ်ဖို့ လုပ်ဆောင်နေခဲ့ပါတယ်။ အခု ထပ်မံရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကုမ္ပဏီတွေနဲ့ အပေးအယူလုပ်ခဲ့တာနဲ့ ပတ်သက်တာပါ။

The New York Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဟာ အသုံးပြုသူအချက်အလက်တွေကို ကုမ္ပဏီတွေနဲ့ အပေးအယူလုပ်ခဲ့တဲ့ Facebook ရဲ့ အတိတ်ကလုပ်ရပ်တွေကို အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ Facebook အတွက်တော့ မြွေပူရာကင်းမှောင့် ဖြစ်ရပ်ပါပဲ။

တရားရုံးဆင့်စာအရတော့ စမတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီနှစ်ခုနဲ့ Facebook တို့ရဲ့ အချက်အလက် အပေးအယူပြုလုပ်မှုအပေါ် Facebook က လာရောက် အစစ်ဆေးခံဖို့ လိုအပ်ကြောင်း သိရှိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာတွေကို အတိအကျ သိရှိနိုင်ဖို့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးက လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

Facebook ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ စုံစမ်းစစ်ဆေးမှုမှာ အလေးအနက် ပူးပေါင်းပါဝင် လျက်ရှိကြောင်း၊ ဒါ့အပြင် တရားရုံးမှာ သက်သေခံချက် ထွက်ဆိုခဲ့ကြောင်း၊ တရားရုံးရဲ့ မေးမြန်းမှုတွေကိုလည်း ပြန်လည်ဖြေဆိုခဲ့ကြောင်းနဲ့ ဒီလိုဆက်လက်လုပ်ဆောင်သွားဖို့လည်း ကတိပြုခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Facebook ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း အသုံးပြုသူအချက်အလက်တွေကို အလွဲသုံးခဲ့တယ်လို့ သတင်းဆိုးထွက်ခဲ့ဖူးပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ အမေရိကန်မှာရှိတဲ့ Facebook သုံးစွဲသူဦးရေဟာ သိသိသာသာ ကျဆင်းခဲ့တာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Ref: GSMArena