Zawgyi

ယခုလအေစာပိုင္းမွာတုန္းက iOS အတြက္ Facebook App ကေန ေနာက္ကြယ္ Background မွာ Camera ကို အသုံးျပဳသူမသိဘဲ အသုံးျပဳေနတဲ့ Bugs ေတြကို ေတြ႕ရွိခဲ့ပါတယ္။ အဆိုပါ ျပႆနာဟာ iOS 13 အသုံးျပဳထားတဲ့ iPhone ေတြမွာ ႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး Facebook အသုံးျပဳသူေတြရဲ႕ Privacy နဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာကိစၥတစ္ခုျဖစ္ခဲ့ရပါတယ္။

အခုလိုမ်ိဳး Background မွာ Camera ပြင့္ေနတာက Facebook ကို အသုံးျပဳေနတုန္း Landscape ကေန Portrait ကို ေျပာင္းလဲလိုက္တဲ့အခ်ိန္မွာ Facebook/Instagram Story UI ေပၚလာၿပီး Camera ပြင့္ေနတာနဲ႔ ေနာက္ထပ္ အေျခအေနတစ္ခုက Facebook App ကို အသုံးျပဳေနတုန္းမွာလည္း Camera ကို ဆက္တိုက္အသုံးျပဳေနတာျဖစ္ပါတယ္။

Facebook ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အဆိုပါ ျပႆနာေတြကို အသိအမွတ္ျပဳခဲ့ၿပီးေတာ့ မၾကာခင္မွာ အခု Bug ကို ျပင္ဆင္ထားတဲ့ Update Version ထုတ္ေပးမယ္ဆိုၿပီး ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Facebook ရဲ႕ ေျပာၾကားခ်က္အရ ျပင္ဆင္ခ်က္ေတြအတြက္ Apple ကို တင္ျပထားတယ္လို႔ သိခဲ့ရၿပီး အခုအခ်ိန္မွာေတာ့ အဆိုပါ Update Version Facebook App ကို Download ရယူႏိုင္ၿပီပဲ ျဖစ္ပါတယ္။

အဲ့ဒီအတြက္ iOS အသုံးျပဳသူေတြအေနနဲ႔ ဒီ Facebook Application Update ကို App Store ကေန အခုပဲ Download ရယူထားသင့္ၿပီးေတာ့ ယခင္တုန္းက ျဖစ္ပြားခဲ့တဲ့ Background မွာ Camera ပြင့္ေနေသးလားဆိုတာကိုပါ စစ္ေဆးသင့္ပါတယ္။ အနည္းဆုံးေတာ့ Facebook အေနနဲ႔ အခုလို အလွ်င္အျမန္ ျပန္လည္ျပင္ဆင္ေပးတာကေတာ့ သေဘာက်ဖို႔ေကာင္းတဲ့အခ်က္တစ္ခုလို႔ ေျပာရမွာပါ။

Ref – The Verge

Unicode

ယခုလအစောပိုင်းမှာတုန်းက iOS အတွက် Facebook App ကနေ နောက်ကွယ် Background မှာ Camera ကို အသုံးပြုသူမသိဘဲ အသုံးပြုနေတဲ့ Bugs တွေကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ပြဿနာဟာ iOS 13 အသုံးပြုထားတဲ့ iPhone တွေမှာ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး Facebook အသုံးပြုသူတွေရဲ့ Privacy နဲ့ ပတ်သက်ပြီး စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ခဲ့ရပါတယ်။

အခုလိုမျိုး Background မှာ Camera ပွင့်နေတာက Facebook ကို အသုံးပြုနေတုန်း Landscape ကနေ Portrait ကို ပြောင်းလဲလိုက်တဲ့အချိန်မှာ Facebook/Instagram Story UI ပေါ်လာပြီး Camera ပွင့်နေတာနဲ့ နောက်ထပ် အခြေအနေတစ်ခုက Facebook App ကို အသုံးပြုနေတုန်းမှာလည်း Camera ကို ဆက်တိုက်အသုံးပြုနေတာဖြစ်ပါတယ်။

Facebook ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါ ပြဿနာတွေကို အသိအမှတ်ပြုခဲ့ပြီးတော့ မကြာခင်မှာ အခု Bug ကို ပြင်ဆင်ထားတဲ့ Update Version ထုတ်ပေးမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Facebook ရဲ့ ပြောကြားချက်အရ ပြင်ဆင်ချက်တွေအတွက် Apple ကို တင်ပြထားတယ်လို့ သိခဲ့ရပြီး အခုအချိန်မှာတော့ အဆိုပါ Update Version Facebook App ကို Download ရယူနိုင်ပြီပဲ ဖြစ်ပါတယ်။

အဲ့ဒီအတွက် iOS အသုံးပြုသူတွေအနေနဲ့ ဒီ Facebook Application Update ကို App Store ကနေ အခုပဲ Download ရယူထားသင့်ပြီးတော့ ယခင်တုန်းက ဖြစ်ပွားခဲ့တဲ့ Background မှာ Camera ပွင့်နေသေးလားဆိုတာကိုပါ စစ်ဆေးသင့်ပါတယ်။ အနည်းဆုံးတော့ Facebook အနေနဲ့ အခုလို အလျှင်အမြန် ပြန်လည်ပြင်ဆင်ပေးတာကတော့ သဘောကျဖို့ကောင်းတဲ့အချက်တစ်ခုလို့ ပြောရမှာပါ။

Ref – The Verge