Facebook ဟာ မကြာသေးခင်တုန်းကမှ Desktop OS တွေဖြစ်တဲ့ Windows နဲ့ macOS အတွက် Messenger App အသစ်ကို မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုလည်း Facebook Android App အတွက် နောက်ထပ်အပြောင်းအလဲတစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ Android အတွက် Facebook App မှာ အဓိကကျတဲ့ Newsfeed ၊ Friends ၊ Watch ၊ Profile နဲ့ Notifications အစရှိတဲ့ Tabs တွေကို ပုံမှန် အပေါ်ဘက်ကနေ အောက်ဖက်ကို ရွေ့လိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display Size ကြီးမားတဲ့ဖုန်းတွေအသုံးပြုနေတဲ့သူတွေအတွက် ပိုပြီး လက်တစ်ဖက်ထဲနဲ့ အသုံးပြုဖို့လွယ်ကူသွားပြီလို့ ပြောလို့ရပါတယ်။

ဒီလိုမျိုး Design Update ကို Facebook App Version 264.0.0.44.111 နဲ့အထက်ရှိတဲ့ စမတ်ဖုန်းတွေမှာရရှိနေတာဖြစ်ပြီး Server Side Update ဖြစ်တဲ့အတွက် မရရှိသေးဘူးဆိုရင်လည်း မကြာခင်မှာ Update ပြုလုပ်ပေးသွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook App ဟာ အခုလိုမျိုး ပြောင်းလဲမှုတွေရရှိလာတယ်ဆိုပေမယ့် Dark Mode ကိုတော့ အခုထိ Update ထုတ်ပေးခြင်းမရှိသေးပါဘူး။

Ref – XDA-Developers