တနင်္လာနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီလောက်က Facebook , Messenger, WhatsApp နဲ့ Instagram တို့ တစ်ကမ္ဘာလုံးမှာ လိုင်းကျသွားခဲ့ပါတယ်။ လိုင်းကျချိန်ဟာ ၆ နာရီလောက် ကြာမြင့်ခဲ့ပြီး အခုတော့ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Facebook, Messenger, Instagram and WhatsApp are all down | TechCrunch

Facebook က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘလော့ဆောင်းပါး ၁ ပုဒ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလို ဖြစ်ပွားရတာဟာ User Data တွေကို ခိုးယူဖို့ Hack ခံရတာ မဟုတ်ဘဲ Router တွေရဲ့ Configuration ပြောင်းလဲသွားမှုကြောင့် ဖြစ်တယ်လို့ Facebook က ပြောပါတယ်။ Facebook က အသေးစိတ်ကို မပြောပေမယ့် ကုမ္ပဏီရဲ့ စက်တွေဟာ ၁ ခုနဲ့ ၁ ခု ဆက်သွယ်မှု ပြတ်တောက်သွားလို့ ဖြစ်နိုင်ပါတယ်။ Facebook က “ ကွန်ရက် ပြတ်တောက်သွားတာဟာ ကျွန်တော်တို့ Data Center တွေ ဆက်သွယ်မှုကို ထိခိုက်သွားစေခဲ့တဲ့အတွက် ဝန်ဆောင်မှုတွေ ရပ်သွားခဲ့တာပါ။ “ လို့ ရေးသားထားပါတယ်။

LATEST: Facebook, WhatsApp, Instagram and Facebook Messenger are down |  GlasgowWorld

CEO Mark Zuckerberg က ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာ “ ပလက်ဖောင်းအားလုံးကို ပြန်လည် အသုံးပြုနိုင်ပါပြီ။ လိုင်းကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ လူတွေအချင်းချင်း ဆက်သွယ်ရာမှာ ကျွန်တော်တို့ ဝန်ဆောင်မှုတွေဟာ ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်သိပါတယ်။ “ လို့ ပို့စ်တင်ခဲ့ပါတယ်။ အခု ၁ ကြိမ် Facebook လိုင်းကျသွားတာဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ အဆိုးဆုံး လိုင်းကျမှု ဖြစ်သွားပါတယ်။ ၂၀၁၉ ခုနှစ်ကတော့ အဆိုးဆုံး ဖြစ်ပြီး ၂၄ နာရီကျော်တောင် လိုင်းကျသွားခဲ့တာပါ။ အခု ၁ ကြိမ် လိုင်းကျမှုကြောင့် Facebook ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ Message Board မှာ ဆက်သွယ်လို့ မရနိုင်ခဲ့ဘဲ တချို့ ဝန်ထမ်းတွေဟာ ဆက်သွယ်ဖို့ အတွက် Outlook Email ကို သုံးခဲ့ရတယ်လို့ The Verge ကို ပြောပါတယ်။

Ref : theverge