[Zawgyi]

ၿပီးခဲ့တဲ့ေန႔တုန္းက Facebook ဟာ ဓါတ္ပုံေတြ၊ ဗီဒီယိုေတြကို ၾကည့္ရႈဖို႔ ခက္ခဲတဲ့ Loading ျပႆနာတစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္။ ဒီျပႆနာဟာ ကမာၻတစ္ဝန္းလုံးက Facebook အသုံးျပဳသူေတြရဲ႕ Apps ေတြမွာ ျဖစ္ေပၚခဲ့ေပမယ့္ အခ်ိဳ႕ကေတာ့ အေတာ္ေလးကို သိသာဆိုးဝါးခဲ့တယ္လို႔ ဆိုပါတယ္။

အခ်ိဳ႕ဟာ Facebook News Feed မွာ ပုံေတြတင္လို႔၊ ၾကည့္လို႔မရျဖစ္ခဲ့ေပမယ့္ အခ်ိဳ႕ကေတာ့ ၾကည့္ရႈႏိုင္တုန္း ျဖစ္တယ္လို႔ DownDetector ကတစ္ဆင့္ သိရွိရပါတယ္။ ဒါ့အျပင္ Instagram မွာဆိုရင္ View Stories နဲ႔ WhatsApp မွာဆို Send Message ေတြမွာ အလားတူျပႆနာ ျဖစ္ပြားခဲ့တယ္လို႔ The Verge ကလည္း ေဖာ္ျပခဲ့ပါတယ္။

Facebook ကေတာ့ အခုႀကဳံေတြ႕ေနရတဲ့ ျပႆနာကို ပုံမွန္အတိုင္းျပန္ျဖစ္သြားေအာင္ ျမန္ႏိုင္သမွ်ျမန္ျမန္ ေျဖရွင္းေနပါတယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒီတစ္ေခါက္ျဖစ္ပြားတဲ့ျပႆနာက ပုံတိုင္းမွာျဖစ္တာမဟုတ္ဘဲ အခ်ိဳ႕ပုံေတြကေတာ့ ဆြဲယူၾကည့္ရႈလို႔ရတာေၾကာင့္ အသုံးျပဳသူအေတာ္မ်ားမ်ားကေတာ့ Facebook ေၾကာင့္ျဖစ္တယ္လို႔ မထင္ၾကဘဲ အခ်ိဳ႕ကသာ ဒီ Error ကို report တင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

လြန္ခဲ့တဲ့ မတ္လလယ္တုန္းကလည္း ကမာၻတစ္ဝန္းက Facebook နဲ႔ Instagram အခ်ိဳ႕ ဖြင့္မရတဲ့ ျပႆနာနဲ႔ ႀကဳံေတြ႕ခဲ့ရသလို၊ ဧၿပီလလယ္မွာလည္း ဒုတိယအႀကိမ္ေျမာက္ အလားတူ ျပတ္ေတာက္ျခင္း ထပ္မံ ျဖစ္ပြားခဲ့ပါတယ္။ ဒါေၾကာင့္ Twitter ေပၚမွာ Facebook, Instagram နဲ႔ WahtsApp ေတြရဲ႕ ျပႆနာကို ေလွာင္ေျပာင္ခဲ့ၾကပါေသးတယ္။

Ref: The Verge

[Unicode]

ကမ္ဘာတစ်ဝန်းက Facebook အသုံးပြုသူအများစု ပုံနဲ့ ဗီဒီယိုတွေ Loading မရတဲ့ ပြဿနာ ကြုံတွေ့ခဲ့ရပြန်

ပြီးခဲ့တဲ့နေ့တုန်းက Facebook ဟာ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုဖို့ ခက်ခဲတဲ့ Loading ပြဿနာတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒီပြဿနာဟာ ကမ္ဘာတစ်ဝန်းလုံးက Facebook အသုံးပြုသူတွေရဲ့ Apps တွေမှာ ဖြစ်ပေါ်ခဲ့ပေမယ့် အချို့ကတော့ အတော်လေးကို သိသာဆိုးဝါးခဲ့တယ်လို့ ဆိုပါတယ်။

အချို့ဟာ Facebook News Feed မှာ ပုံတွေတင်လို့၊ ကြည့်လို့မရဖြစ်ခဲ့ပေမယ့် အချို့ကတော့ ကြည့်ရှုနိုင်တုန်း ဖြစ်တယ်လို့ DownDetector ကတစ်ဆင့် သိရှိရပါတယ်။ ဒါ့အပြင် Instagram မှာဆိုရင် View Stories နဲ့ WhatsApp မှာဆို Send Message တွေမှာ အလားတူပြဿနာ ဖြစ်ပွားခဲ့တယ်လို့ The Verge ကလည်း ဖော်ပြခဲ့ပါတယ်။

Facebook ကတော့ အခုကြုံတွေ့နေရတဲ့ ပြဿနာကို ပုံမှန်အတိုင်းပြန်ဖြစ်သွားအောင် မြန်နိုင်သမျှမြန်မြန် ဖြေရှင်းနေပါတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီတစ်ခေါက်ဖြစ်ပွားတဲ့ပြဿနာက ပုံတိုင်းမှာဖြစ်တာမဟုတ်ဘဲ အချို့ပုံတွေကတော့ ဆွဲယူကြည့်ရှုလို့ရတာကြောင့် အသုံးပြုသူအတော်များများကတော့ Facebook ကြောင့်ဖြစ်တယ်လို့ မထင်ကြဘဲ အချို့ကသာ ဒီ Error ကို report တင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ မတ်လလယ်တုန်းကလည်း ကမ္ဘာတစ်ဝန်းက Facebook နဲ့ Instagram အချို့ ဖွင့်မရတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရသလို၊ ဧပြီလလယ်မှာလည်း ဒုတိယအကြိမ်မြောက် အလားတူ ပြတ်တောက်ခြင်း ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် Twitter ပေါ်မှာ Facebook, Instagram နဲ့ WahtsApp တွေရဲ့ ပြဿနာကို လှောင်ပြောင်ခဲ့ကြပါသေးတယ်။

Ref: The Verge