လူတွေ နေအိမ်ကနေပဲ အလုပ်လုပ်လာကြသလို အွန်လိုင်းသုံးတာ များလာတဲ့အတွက် ဥရောပမှာ အင်တာနက်လိုင်းတွေ ကြပ်လာပါတယ်။ အဲဒီအတွက် EU က Bandwidth လျှော့ချဖို့ Video Streaming Providers တွေကို ညွှန်ကြားလိုက်ပြီး Facebook နဲ့ Disney+ တို့လည်း ပါလာပါတယ်။

Facebook နဲ့ သူပိုင်တဲ့ Instagram တို့က Video Quality ကို လျှော့ချလိုက်ပါတယ်။ Facebook ထက် အရင် Netflix ,YouTube , Amazon Prime Video နဲ့ Apple TV+ တို့က ဒီလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Disney က အစိုးရရဲ့ တောင်းဆိုမှုကြောင့် ပြင်သစ်မှာ ဝန်ဆောင်မှု အသစ် ကြေညာတာကို နောက်ဆုတ်လိုက်ပါတယ်။ Disney+ ကို စီစဉ်ထားတဲ့အတိုင်း မတ်လ ၂၄ ရက်နေ့မှာ ဗြိတိန်နဲ့ တခြား နိုင်ငံတွေအတွက် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Video Quality ကို လျှော့ချထားမှာဖြစ်ပါတယ်။ Bandwidth လျှော့ချတာကို အနည်းဆုံး ဥရောပနိုင်ငံ ၂၅ ရာခိုင်နှုန်းမှာ ပြုလုပ်မှာ ဖြစ်ပြီး အဲဒီထဲမှာ အိုင်ယာလန်၊ ဂျာမနီ၊ ဩစတြီးယား၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ ဆွစ်ဇာလန်တို့ ပါပါတယ်။

Internet Market အတွက် EU Commissioner ဖြစ်သူ Thierry Breton က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက်နဲ့ အွန်လိုင်း ပညာ သင်ကြားရေးအတွက် Bandwidth ကို သုံးစွဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗိုင်းရက်စ်ကြောင့် ကျောင်းတွေကို ပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားနေကြပါတယ်။

Ref : gsmarena