Facebook ဟာ အိန္ဒိယရဲ့ စီးပွားရေ:ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်တဲ့ Reliance Industries ရဲ့ အစိတ်အပိုင်း Jio Platforms မှာ ဒေါ်လာ ၅.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ Facebook ရဲ့ ကြီးမားတဲ့ အတ္ထုပ္ပတ္တိမှာ နောက်ထပ် မှတ်တိုင်တစ်ခုလိုလည်း ဖြစ်ခဲ့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုအရ Facebook ဟာ အကြီးဆုံးအစုရှယ်ယာရှင်လည်း ဖြစ်လာခဲ့ပါတယ်။ Facebook ရဲ့ ရင်းနှီးမြှုပ်နှံရတဲ့ နောက်ကွယ်က အကြောင်းရင်းဟာ JioMart နဲ့ WhatsApp တို့ကိုပေါင်းစပ်ဖို့ ဖြစ်ပါတယ်။ ဒီပေါင်းစပ်မှုကနေတစ်ဆင့် လူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အလွယ်တကူ ချိတ်ဆက်လုပ်ကိုင်ဖို့လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ရောင်းဝယ်ဖောက်ကားတာတွေ၊ ငွေပေးချေတာတွေကို မိုလ်ဘိုင်းကတစ်ဆင့် ပြုလုပ်နိုင်အောင် ရည်ရွယ်တာလို့ ဆိုနိုင်ပါတယ်။

IM ပလက်ဖောင်းဟာ ချိတ်ဆက်ပြောဆိုခြင်းကိုလုပ်ဆောင်နိုင်စွမ်းရှိတာကလွဲရင် မိုလ်ဘိုင်းလောကမှာ သတင်းစကားအသစ် မရှိခဲ့ပေမယ့် အခုတော့ ပြောင်းလဲလာပြီလို့ ဆိုရတော့မှာပါ။ တရုတ်ရဲ့ ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent ဟာ WeChat ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ သုံးစွဲသူပေါင်း ဘီလီယံကျော်ရှိနေပြီး၊ ဆက်သွယ်မှုတွေ၊ အွန်လိုင်းပေးချေမှုတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Facebook အနေနဲ့ အိန္ဒိယဈေးကွက်မှာ ဝင်ရောက်မြှုပ်နှံတာကလည်း အံ့အားသင့်စရာတော့ မဟုတ်ဘူးလို့ ဆိုရပါလိမ့်မယ်။ အကြောင်းက လက်ရှိမှာ နိုင်ငံတွင်း WhatsApp သုံးစွဲသူပေါင်း သန်း ၄၀၀ ကျော်ရှိနေတာကြောင့် ဖြစ်ပါတယ်။ အခွန်ဦးစီးဌာနမှုး David Fischer ရဲ့ ထုတ်ဖော်ပြောဆိုမှုအရ Jio ဟာ လေးနှစ်မပြည့်ခင် သက်တမ်းအတွင်း လူပေါင်း ၃၈၈ သန်းကျော်ကို အွန်လိုင်းပေါ် ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: GSM Arena