[Zawgyi]

Facebook ကေတာ့ အသုံးျပဳသူေတြကို ျပႆနာမရွာရရင္ စားမဝင္ အိပ္မေပ်ာ္ျဖစ္ေနသလားလို႔ ေမးခြန္းထုတ္ရမယ့္ပုံ ျဖစ္ပါတယ္။ မီဒီယာအခ်ိဳ႕ကဆိုရင္ Facebook ဟာ သုံးစြဲေတြအေပၚ သန႔္ရွင္းမွ်တတဲ့ ပုံစံမရွိဘူးလို႔ေတာင္ စြပ္စြဲေရးသားၾကတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒါဟာ Facebook ရဲ႕ iOS app မွာ ျဖစ္ခဲ့တာပါ။

iPhone အသုံးျပဳသူေတြဟာ Facebook သုံးခ်ိန္ News feed ကို ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ဖို႔ အေပၚေအာက္ ဆြဲတဲ့အခါ ဖုန္းရဲ႕ကင္မရာဟာ ေနာက္ကြယ္မွာ အလိုအေလ်ာက္ပြင့္သြားတယ္လို႔ သိရပါတယ္။ ဒီလိုမ်ိဳး ကင္မရာပြင့္သြားတာကို အသုံးျပဳသူကလုပ္တာ မဟုတ္တဲ့အတြက္ေၾကာင့္ မလိုလားအပ္တဲ့ လုံၿခဳံေရးဆိုင္ရာ ခ်ိဳးေဖာက္မႈလို႔ ဆိုႏိုင္ပါတယ္။

ဒီျပႆနာကို ရွာေဖြေတြ႕ရွိခဲ့သူကေတာ့ Joshua Maddux ဆိုသူပါ။ ဒီျပႆနာဟာ iOS 13.2.2 ေမာင္းႏွင္ေနတဲ့ iPhone ေတြမွာပဲ ျဖစ္ေပၚတယ္လို႔ သူကဆိုပါတယ္။ အျခားတစ္ဦးကလည္း သူဟာ Facebook မွာ ဗီဒီယိုၾကည့္ေနတုန္း ဖုန္းကို ေဘးတိုက္အေနအထားျဖစ္ေအာင္ေျပာင္းလိုက္ခ်ိန္မွာ Facebook/Instagram Story UI ကို ဖ်တ္ခနဲေတြ႕လိုက္ရေၾကာင္း၊ ဖုန္းကို ပုံမွန္အတိုင္းျပန္ထားလိုက္ခ်ိန္မွာေတာ့ Story camera/UI က ပြင့္ေနေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ iPhone သုံးစြဲသူေတြအေနနဲ႔ လတ္တေလာမွာ iOS 13.2.2 ကိုမတင္ထားဘူးဆိုရင္ လုံၿခဳံေနမွာျဖစ္ၿပီး Android သုံးစြဲသူေတြလည္း ဒီျပႆနာကို မႀကဳံေတြရေသးဘူးလို႔ ဆိုရမွာပါ။ Facebook ကေတာ့ ဒီျပႆနာအတြက္ လုပ္ေဆာင္ေနၿပီလို႔ The Verge ကို ျပန္လည္ေျပာဆိုခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အရင္ကတည္းက သုံးစြဲသူကိုယ္ေရးအခ်က္အလက္နဲ႔ ပတ္သက္ၿပီး မေကာင္းသတင္းထြက္ဖူးတဲ့ Facebook အတြက္ ေနာက္ထပ္အျပစ္ေျပာစရာ ျဖစ္ခဲ့ရတာပါပဲ။

Ref: The Verge

[Unicode]

iOS App မှာ အသုံးပြုသူမသိဘဲ ကင်မရာပွင့်နေလို့ ဖြေရှင်းရပြန်ဦးမယ့် Facebook

Facebook ကတော့ အသုံးပြုသူတွေကို ပြဿနာမရှာရရင် စားမဝင် အိပ်မပျော်ဖြစ်နေသလားလို့ မေးခွန်းထုတ်ရမယ့်ပုံ ဖြစ်ပါတယ်။ မီဒီယာအချို့ကဆိုရင် Facebook ဟာ သုံးစွဲတွေအပေါ် သန့်ရှင်းမျှတတဲ့ ပုံစံမရှိဘူးလို့တောင် စွပ်စွဲရေးသားကြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ Facebook ရဲ့ iOS app မှာ ဖြစ်ခဲ့တာပါ။

iPhone အသုံးပြုသူတွေဟာ Facebook သုံးချိန် News feed ကို ဟိုဟိုဒီဒီလျှောက်ကြည့်ဖို့ အပေါ်အောက် ဆွဲတဲ့အခါ ဖုန်းရဲ့ကင်မရာဟာ နောက်ကွယ်မှာ အလိုအလျောက်ပွင့်သွားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ကင်မရာပွင့်သွားတာကို အသုံးပြုသူကလုပ်တာ မဟုတ်တဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုလို့ ဆိုနိုင်ပါတယ်။

ဒီပြဿနာကို ရှာဖွေတွေ့ရှိခဲ့သူကတော့ Joshua Maddux ဆိုသူပါ။ ဒီပြဿနာဟာ iOS 13.2.2 မောင်းနှင်နေတဲ့ iPhone တွေမှာပဲ ဖြစ်ပေါ်တယ်လို့ သူကဆိုပါတယ်။ အခြားတစ်ဦးကလည်း သူဟာ Facebook မှာ ဗီဒီယိုကြည့်နေတုန်း ဖုန်းကို ဘေးတိုက်အနေအထားဖြစ်အောင်ပြောင်းလိုက်ချိန်မှာ Facebook/Instagram Story UI ကို ဖျတ်ခနဲတွေ့လိုက်ရကြောင်း၊ ဖုန်းကို ပုံမှန်အတိုင်းပြန်ထားလိုက်ချိန်မှာတော့ Story camera/UI က ပွင့်နေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒါကြောင့် iPhone သုံးစွဲသူတွေအနေနဲ့ လတ်တလောမှာ iOS 13.2.2 ကိုမတင်ထားဘူးဆိုရင် လုံခြုံနေမှာဖြစ်ပြီး Android သုံးစွဲသူတွေလည်း ဒီပြဿနာကို မကြုံတွေရသေးဘူးလို့ ဆိုရမှာပါ။ Facebook ကတော့ ဒီပြဿနာအတွက် လုပ်ဆောင်နေပြီလို့ The Verge ကို ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကတည်းက သုံးစွဲသူကိုယ်ရေးအချက်အလက်နဲ့ ပတ်သက်ပြီး မကောင်းသတင်းထွက်ဖူးတဲ့ Facebook အတွက် နောက်ထပ်အပြစ်ပြောစရာ ဖြစ်ခဲ့ရတာပါပဲ။

Ref: The Verge