[Zawgyi]

Facebook ဟာ လူမႈကြန္ရက္ တစ္ခုအျဖစ္ နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားေနတာျဖစ္ေပမယ့္ အခုအခါမွာေတာ့ လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြေၾကာင့္ နာမည္ဆိုး ထြက္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Facebook က လုံၿခဳံေရးျပႆနာေတြကို ဦးစားေပးရွင္းေနတယ္ဆိုတဲ့ သတင္းထက္ Feature သစ္ေတြ စမ္းသပ္ေနတဲ့ သတင္းေတြကပဲ ပိုမ်ားေနတာပါ။

အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို စုစည္းၿပီး စီးပြားေရးလုပ္ေနတဲ့ Facebook က အခုအခါမွာေတာ့ Voice assistant ကို တည္ေဆာက္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ Google, Alexa, Siri, Cortana စတာေတြလိုပဲ Facebook မွာလည္း Voice Assistant တကယ္ပဲ ရရွိလာမလားဆိုတာကေတာ့ အခ်ိန္အတိုင္းအတာ တစ္ခုထိ ေစာင့္ၾကည့္ရဦးမွာပါ။

Facebook အေနနဲ႔ ကိုယ္ပိုင္ Voice Assistant လုပ္ႏိုင္ဖို႔ လႈပ္ရွားေနတယ္ဆိုတဲ့သတင္းက CNCB မွာ ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္းကို သယ္ေဆာင္လာတာကလည္း Facebook ရဲ႕ ဝန္ထမ္းေဟာင္းတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။ ဝန္ထမ္းေဟာင္းရဲ႕ အဆိုအရ Facebook ဟာ ဒီလုပ္ငန္းအတြက္ ၂၀၁၈ အေစာပိုင္းကတည္းက စတင္လုပ္ေဆာင္ေနခဲ့တာလို႔ သိရပါတယ္။

Voice Assistant နဲ႔ ပတ္သက္ၿပီး Facebook ရဲ႕ အေသးစိတ္လုပ္ေဆာင္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း မသိရေသးသလို Facebook ဘက္ကလည္း တစ္စြန္းတစ္စေတာင္ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးတာကိုလည္း ေတြ႕ရပါတယ္။ အေရးႀကီးဆုံးအခ်က္က လက္ရွိ Facebook သုံးစြဲသူေတြဟာ Voice Assistant ကို အမွန္တကယ္ စိတ္ဝင္စားၾကပါ့မလား ဆိုတာပါပဲ။

Ref: Phone Arena

[Unicode]

Facebook ဟာ Voice Assistant အတွက် ၂၀၁၈ ကတည်းက လုပ်ကိုင်နေတယ်လို့ သတင်းထွက်ပေါ်လာ

Facebook ဟာ လူမှုကွန်ရက် တစ်ခုအဖြစ် နာမည်ကျော်ကြား လူကြိုက်များနေတာဖြစ်ပေမယ့် အခုအခါမှာတော့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် နာမည်ဆိုး ထွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Facebook က လုံခြုံရေးပြဿနာတွေကို ဦးစားပေးရှင်းနေတယ်ဆိုတဲ့ သတင်းထက် Feature သစ်တွေ စမ်းသပ်နေတဲ့ သတင်းတွေကပဲ ပိုများနေတာပါ။

အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုစည်းပြီး စီးပွားရေးလုပ်နေတဲ့ Facebook က အခုအခါမှာတော့ Voice assistant ကို တည်ဆောက်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ Google, Alexa, Siri, Cortana စတာတွေလိုပဲ Facebook မှာလည်း Voice Assistant တကယ်ပဲ ရရှိလာမလားဆိုတာကတော့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ရဦးမှာပါ။

Facebook အနေနဲ့ ကိုယ်ပိုင် Voice Assistant လုပ်နိုင်ဖို့ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းက CNCB မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို သယ်ဆောင်လာတာကလည်း Facebook ရဲ့ ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ဝန်ထမ်းဟောင်းရဲ့ အဆိုအရ Facebook ဟာ ဒီလုပ်ငန်းအတွက် ၂၀၁၈ အစောပိုင်းကတည်းက စတင်လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။

Voice Assistant နဲ့ ပတ်သက်ပြီး Facebook ရဲ့ အသေးစိတ်လုပ်ဆောင်ချက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးသလို Facebook ဘက်ကလည်း တစ်စွန်းတစ်စတောင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ အရေးကြီးဆုံးအချက်က လက်ရှိ Facebook သုံးစွဲသူတွေဟာ Voice Assistant ကို အမှန်တကယ် စိတ်ဝင်စားကြပါ့မလား ဆိုတာပါပဲ။

Ref: Phone Arena