[Zawgyi]

Facebook က သူ႔ရဲ႕ နာမည္ေက်ာ္ Apps ေတြ ျဖစ္တဲ့ Instagram နဲ႔ WhatsApp ရဲ႕ နာမည္ေတြကို ေျပာင္းေတာ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Facebook က အဲဒီ Apps ေတြကို သူပိုင္ဆိုင္ေၾကာင္း လူေတြ သိေစဖို႔ ဒီလို နာမည္ေျပာင္းမွာ ျဖစ္ပါတယ္။ မၾကာခင္မွာေတာ့ Instagram ကို “Instagram from Facebook “ နဲ႔ WhatsApp ကို “ WhatsApp from Facebook” လို႔ နာမည္ေျပာင္းေတာ့မွာပါ။

ဒီလို နာမည္ေျပာင္းမယ့္ အစီအစဥ္ကို The Information ရဲ႕ Journalists ေတြက ေသာၾကာေန႔မွာ သိခဲ့တာျဖစ္ၿပီး အဲဒီေနာက္မွာ Facebook က တာ၀န္ရွိသူေတြက အတည္ျပဳခဲ့တာပါ။ “ အဲဒီ Apps နဲ႔ Services ေတြဟာ Facebook ရဲ႕ တစ္စိတ္တစ္ပုိင္းဆိုတာ သိေစခ်င္လို႔ ျဖစ္ပါတယ္။ “ လို႔ Facebook ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ေယာက္က The Information ကို ေျပာပါတယ္။

Apps ေတြရဲ႕ နာမည္ေတြဟာ ဖုန္းနဲ႔ တက္ဘလက္ေတြရဲ႕ Homescreen မွာ မေျပာင္းလဲဘဲ ရွိေနမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ အခုမွစၿပီး Download လုပ္မယ့္  လူေတြအတြက္ေတာ့ App Store မွာ နာမည္ေျပာင္းထားမွာ ျဖစ္ပါတယ္။ Facebook က အရင္ကလည္း Virtual Reality ကို ဖန္တီးေနတဲ့ ဌာနခြဲ Oculus အတြက္ အလားတူ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီ Apps ေတြမွာ Facebook နာမည္ထည့္လိုက္လို႔ ပိုၿပီး နာမည္ႀကီး လူသိမ်ားလာမယ္လို႔ မထင္ပါဘူး။ Facebook နာမည္ထည့္လိုက္တဲ့ အတြက္ Security နဲ႔ Privacy အတြက္ လူေတြက ပိုၿပီး လန္႔သြားမယ္လို႔ ထင္ပါတယ္။ Facebook က နာမည္ေျပာင္းမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။

Ref : techradar

[Unicode]

Instagram နဲ့ WhatsApp ရဲ့ နာမည်ကို ပြောင်းတော့မယ့် Facebook

Facebook က သူ့ရဲ့ နာမည်ကျော် Apps တွေ ဖြစ်တဲ့ Instagram နဲ့ WhatsApp ရဲ့ နာမည်တွေကို ပြောင်းတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ Facebook က အဲဒီ Apps တွေကို သူပိုင်ဆိုင်ကြောင်း လူတွေ သိစေဖို့ ဒီလို နာမည်ပြောင်းမှာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ Instagram ကို “Instagram from Facebook “ နဲ့ WhatsApp ကို “ WhatsApp from Facebook” လို့ နာမည်ပြောင်းတော့မှာပါ။

ဒီလို နာမည်ပြောင်းမယ့် အစီအစဉ်ကို The Information ရဲ့ Journalists တွေက သောကြာနေ့မှာ သိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ Facebook က တာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။ “ အဲဒီ Apps နဲ့ Services တွေဟာ Facebook ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သိစေချင်လို့ ဖြစ်ပါတယ်။ “ လို့ Facebook ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ယောက်က The Information ကို ပြောပါတယ်။

Apps တွေရဲ့ နာမည်တွေဟာ ဖုန်းနဲ့ တက်ဘလက်တွေရဲ့ Homescreen မှာ မပြောင်းလဲဘဲ ရှိနေမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် အခုမှစပြီး Download လုပ်မယ့် လူတွေအတွက်တော့ App Store မှာ နာမည်ပြောင်းထားမှာ ဖြစ်ပါတယ်။ Facebook က အရင်ကလည်း Virtual Reality ကို ဖန်တီးနေတဲ့ ဌာနခွဲ Oculus အတွက် အလားတူ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ Apps တွေမှာ Facebook နာမည်ထည့်လိုက်လို့ ပိုပြီး နာမည်ကြီး လူသိများလာမယ်လို့ မထင်ပါဘူး။ Facebook နာမည်ထည့်လိုက်တဲ့ အတွက် Security နဲ့ Privacy အတွက် လူတွေက ပိုပြီး လန့်သွားမယ်လို့ ထင်ပါတယ်။ Facebook က နာမည်ပြောင်းမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : techradar