[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္က နယူးဇီလန္မွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈအၿပီးမွာ Facebook အေနနဲ႔ Live လႊင့္တင္မႈေတြကိုလည္း စိစစ္ကန္႕သတ္သြားမယ္လို႔ COO Sheryl Sandgerg က The Verge ကို ေျပာပါတယ္။ ဒီတိုက္ခိုက္မႈဟာ နယူးဇီလန္သမိုင္းမွာ အစြန္းအထင္းျဖစ္ခဲ့ရသလို Facebook အတြက္လည္း အစြန္းအထင္းျဖစ္ခဲ့ရတာပါ။

နယူးဇီလန္ႏိုင္ငံ ခရစၥခ်က္ၿမိဳ႕ေတာ္အတြင္းက ဗလီႏွစ္ခုကို အစြန္းေရာက္အၾကမ္းဖက္မ်ားက ဝင္ေရာက္ပစ္ခက္ခဲ့တာျဖစ္ၿပီး ဒီျဖစ္ရပ္ကို Facebook ကတစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ျပသခဲ့တာပါ။ လူေပါင္း ၅၀ ေသဆုံးခဲ့ရတဲ့ ဒီျဖစ္ရပ္ဆိုးကို တိုက္႐ိုက္ၾကည့္ရႈၾက႐ုံသာမကဘဲ အဆင့္ဆင့္ကူးယူၿပီး မွ်ေဝေဖာ္ျပျခင္းေတြလည္း ျဖစ္ေပၚလာခဲ့ပါတယ္။

Facebook ဟာ ကမာၻတစ္ဝန္းက အသုံးျပဳသူေတြၾကားမွာ ပ်ံ႕ႏွံ႔ေနတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈ ႐ုပ္သံဖိုင္ေတြကို လိုက္လံဖယ္ရွားခဲ့ရာမွာ ၁.၅ သန္းေက်ာ္ထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ Upload လုပ္ေနတုန္း ပိတ္ပင္ခဲ့ရတာက ၁.၂ သန္းအထိ ရွိခဲ့တယ္လို႔လည္း Facebook က ေျပာပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာေတာ့ Facebook အေနနဲ႔ တိုက္႐ိုက္ထုတ္လႊင့္မူေတြကို စိစစ္ကန႔္သတ္ၿပီး အလားတူျဖစ္ရပ္မ်ိဳး ထပ္မျဖစ္ေအာင္ အဆင့္သုံးဆင့္နဲ႔ အေကာင္အထည္ေဖာ္ေတာ့မွာ ျဖစ္ပါတယ္။

ပထမအဆင့္အေနနဲ႔ တိုက္႐ိုက္ထုတ္လႊင့္မႈကို အေျခအေန၊ အခ်ိန္အခါအလိုက္ ရွာေဖြသြားၿပီး လူအဖြဲ႕အစည္းရဲ႕ စံႏႈန္းေတြကို ခ်ိဳးေဖာက္မႈ ရွိ၊ မရွိၾကည့္ရႈသြားမွာ ျဖစ္ပါတယ္။ ဒုတိယအဆင့္ကေတာ့ အမုန္းစကားေတြ၊ အေၾကာင္းအရာေတြမွန္သမွ်ကို သူတို႔ရဲ႕ ပလက္ေဖာင္းေပၚကေန ဖယ္ထုတ္သြားမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးအဆင့္ကေတာ့ ေဒသဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းၿပီး အလားတူ ျဖစ္ရပ္ေတြေပၚေပါက္ခဲ့ရင္ ဘယ္လိုပါဝင္လႈပ္ရွားၾကမလဲဆိုတာကို ပူးေပါင္းအေျဖရွာၾကဖို႔ပဲ ျဖစ္ပါတယ္။

Facebook ဟာ သူတို႔ရဲ႕ဖလက္ေဖာင္းမွာ တင္ထားတဲ့ တိုက္ခိုက္မႈ႐ုပ္သံဖိုင္ေတြမွွာ အမ်ိဳးအစားေပါင္း ၉၀၀ ေက်ာ္ရွိေနတာကို သတိျပဳမိေၾကာင္းလည္း ျဖည့္စြက္ေျပာဆိုခဲ့ပါေသးတယ္။

Ref: The Verge

[Unicode]

နယူးဇီလန်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခြင်းတွေကို စိစစ်ကန့်သတ်တော့မယ့် Facebook

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က နယူးဇီလန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ Facebook အနေနဲ့ Live လွှင့်တင်မှုတွေကိုလည်း စိစစ်ကန့်သတ်သွားမယ်လို့ COO Sheryl Sandgerg က The Verge ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ နယူးဇီလန်သမိုင်းမှာ အစွန်းအထင်းဖြစ်ခဲ့ရသလို Facebook အတွက်လည်း အစွန်းအထင်းဖြစ်ခဲ့ရတာပါ။

နယူးဇီလန်နိုင်ငံ ခရစ္စချက်မြို့တော်အတွင်းက ဗလီနှစ်ခုကို အစွန်းရောက်အကြမ်းဖက်များက ဝင်ရောက်ပစ်ခက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို Facebook ကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ။ လူပေါင်း ၅၀ သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်ဆိုးကို တိုက်ရိုက်ကြည့်ရှုကြရုံသာမကဘဲ အဆင့်ဆင့်ကူးယူပြီး မျှဝေဖော်ပြခြင်းတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

Facebook ဟာ ကမ္ဘာတစ်ဝန်းက အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ရုပ်သံဖိုင်တွေကို လိုက်လံဖယ်ရှားခဲ့ရာမှာ ၁.၅ သန်းကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။ Upload လုပ်နေတုန်း ပိတ်ပင်ခဲ့ရတာက ၁.၂ သန်းအထိ ရှိခဲ့တယ်လို့လည်း Facebook က ပြောပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ Facebook အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မူတွေကို စိစစ်ကန့်သတ်ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် အဆင့်သုံးဆင့်နဲ့ အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အခြေအနေ၊ အချိန်အခါအလိုက် ရှာဖွေသွားပြီး လူအဖွဲ့အစည်းရဲ့ စံနှုန်းတွေကို ချိုးဖောက်မှု ရှိ၊ မရှိကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ အမုန်းစကားတွေ၊ အကြောင်းအရာတွေမှန်သမျှကို သူတို့ရဲ့ ပလက်ဖောင်းပေါ်ကနေ ဖယ်ထုတ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အလားတူ ဖြစ်ရပ်တွေပေါ်ပေါက်ခဲ့ရင် ဘယ်လိုပါဝင်လှုပ်ရှားကြမလဲဆိုတာကို ပူးပေါင်းအဖြေရှာကြဖို့ပဲ ဖြစ်ပါတယ်။

Facebook ဟာ သူတို့ရဲ့ဖလက်ဖောင်းမှာ တင်ထားတဲ့ တိုက်ခိုက်မှုရုပ်သံဖိုင်တွေမှှာ အမျိုးအစားပေါင်း ၉၀၀ ကျော်ရှိနေတာကို သတိပြုမိကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့ပါသေးတယ်။

Ref: The Verge