Android Device ရဲ့ Facebook Mobile App မှာ ဒီလ အစောပိုင်းက Dark Mode ကို တွေ့ခဲ့ရပါတယ်။ အခုတော့ သုံးစွဲသူ တချို့က iOS အတွက် Update မှာ Dark Mode ပါလာပြီလို့ ပြောနေကြပါတယ်။ Facebook က နိုင်ငံတကာက သုံးစွဲသူ အနည်းငယ်အတွက် Facebook App မှာ Dark Mode ကို စမ်းသပ်နေတယ်လို့ ကြေညာထားပါတယ်။

Facebook ဟာ ဒီတစ်ပတ်ထဲမှာ iOS နဲ့ Android အတွက် Dark Mode ကို တိုးချဲ့ ဖြန့်ချိပေးတော့မယ်လို့ ထင်ပါတယ်။ Facebook ပိုင်တဲ့ Messenger, Instagram နဲ့ WhatsApp တို့မှာ Dark Mode ရနေတာ ကြာပါပြီ။ Facebook Lite မှာလည်း ရထားပြီးပြီ ဖြစ်ပေမယ့် Official Facebook App မှာ မရခဲ့သေးတာပါ။

Facebook Mobile App မှာ Dark Mode ကို စမ်းသပ်နေတာ အဆင်ပြေချောမွတ်ရင် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Dark Mode ကို လူတိုင်း အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် နာမည်ကြီး Mobile App တော်တော်များများမှာ Dark Mode ကို ထည့်သွင်းပေးထားကြပြီး Dark Mode ဟာ ညအချိန်မှာ စမတ်ဖုန်း ကြည့်ရင် အဆင်ပြေစေသလို မျက်စိ အလင်းစူးတာကိုလည်း နည်းပါးစေပါတယ်။

Ref : gsmarena