[Zawgyi]

Facebook ဟာ Messenger နဲ႔ News Feed ေတြမွာ အသုံးျပဳႏိုင္မယ့္ Avatars (ကိုယ္ပြား႐ုပ္ပုံ) ဖန္တီးမႈကို ျဖန႔္ခ်ိလိုက္ၿပီလို႔ သိရပါတယ္။ အသုံးျပဳသူေတြအေနနဲ႔ သူတို႔ရဲ႕ ျပင္ပပုံသ႑ာန္ကို ကိုယ္စားျပဳႏိုင္မယ့္ ႐ုပ္ပုံေလးေတြကို Chat နဲ႔ Comment ေတြမွာ စေတကာအျဖစ္ ထည့္သြင္းႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဒီ Avatars (ကိုယ္ပြား႐ုပ္ပုံ) ေလးေတြကို ၾသစေတးလ်မွာပဲ အသုံးျပဳႏိုင္ေသးတာ ျဖစ္ပါတယ္။ တစ္ကမာၻလုံးက Facebook သုံးစြဲသူတိုင္း သုံးႏိုင္ဖို႔ကေတာ့ ေနာက္ထပ္ ေျခာက္လနီးပါးေလာက္ ၾကာျမင့္ႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္း၊ ဒါမွမဟုတ္ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းေတြမွ ရရွိမယ္လို႔ ယူဆရပါတယ္။

Avatars (ကိုယ္ပြား႐ုပ္ပုံ) ေတြဟာ အသုံးျပဳသူနဲ႔ တူႏိုင္သမွ်တူေအာင္ ဖန္တီးထားၿပီး ကိုယ့္ရဲ႕ကိုယ္ပြား႐ုပ္ပုံအတြက္ အသားအေရာင္၊ ဆံပင္အေရာင္၊ အဝတ္အစား စတာေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ ဖန္တီးႏိုင္မယ္လို႔လည္း သိရပါတယ္။ ကိုယ္ပြား႐ုပ္ပုံဖန္တီးဖို႔ Emoji icon ထဲမွာ Avatar Sticker Pack ကို ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

အပလီေကးရွင္း ေလ့လာဆန္းစစ္သူ Jane Manchun Wong ကေတာ့ ဒီကိုယ္ပြား႐ုပ္ပုံအတြက္ လုပ္ေဆာင္ေနမႈေတြဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကတည္းက ျဖစ္တယ္ဆိုပါတယ္။ ဒီဇိုင္းသစ္ဟာ ပိုၿပီးေျပာင္ေျမာက္သလို 3D ေၾကာင့္မူလ Flat ပုံစံနဲ႔ႏႈိင္းယွဥ္ရင္ ပိုၿပီးေတာ့ ၾကည့္လို႔ေကာင္းေၾကာင္း ေျပာပါတယ္။

Facebook ရဲ႕ Avatars (ကိုယ္ပြား႐ုပ္ပုံ) ေတြဟာ ဓါတ္ပုံကိုအေျခခံၿပီး ေျပာင္းလဲဖန္တီးလိုက္တာျဖစ္တဲ့အတြက္ ျပင္ပပုံသ႑ာန္နဲ႔အေတာ္ေလးကို တူညီတာျဖစ္ပါတယ္။ ဒီလိုေျပာင္းလဲရာမွာ “ဓါတ္ပုံနဲ႔ဆန႔္က်င္ဘက္ျဖစ္ေနတာမ်ိဳး လုံးဝမျဖစ္ေအာင္ ေသခ်ာလုပ္ေဆာင္ေနေၾကာင္း” Facebook ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက TechCrunch ရဲ႕ ေမးျမန္းမႈမွာ ျပန္လည္ေျဖဆိုထားပါတယ္။

Ref: The Verge

[Unicode]

Facebook ရဲ့ Messenger နဲ့ News Feed တွေမှာ ကိုယ်ပွားရုပ်ပုံတွေ ဖန်တီးသုံးစွဲနိုင်တော့မယ်

Facebook ဟာ Messenger နဲ့ News Feed တွေမှာ အသုံးပြုနိုင်မယ့် Avatars (ကိုယ်ပွားရုပ်ပုံ) ဖန်တီးမှုကို ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ပြင်ပပုံသဏ္ဍာန်ကို ကိုယ်စားပြုနိုင်မယ့် ရုပ်ပုံလေးတွေကို Chat နဲ့ Comment တွေမှာ စတေကာအဖြစ် ထည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီ Avatars (ကိုယ်ပွားရုပ်ပုံ) လေးတွေကို သြစတေးလျမှာပဲ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Facebook သုံးစွဲသူတိုင်း သုံးနိုင်ဖို့ကတော့ နောက်ထပ် ခြောက်လနီးပါးလောက် ကြာမြင့်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်နှောင်းပိုင်း၊ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွေမှ ရရှိမယ်လို့ ယူဆရပါတယ်။

Avatars (ကိုယ်ပွားရုပ်ပုံ) တွေဟာ အသုံးပြုသူနဲ့ တူနိုင်သမျှတူအောင် ဖန်တီးထားပြီး ကိုယ့်ရဲ့ကိုယ်ပွားရုပ်ပုံအတွက် အသားအရောင်၊ ဆံပင်အရောင်၊ အဝတ်အစား စတာတွေကို စိတ်ကြိုက်ရွေးချယ် ဖန်တီးနိုင်မယ်လို့လည်း သိရပါတယ်။ ကိုယ်ပွားရုပ်ပုံဖန်တီးဖို့ Emoji icon ထဲမှာ Avatar Sticker Pack ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အပလီကေးရှင်း လေ့လာဆန်းစစ်သူ Jane Manchun Wong ကတော့ ဒီကိုယ်ပွားရုပ်ပုံအတွက် လုပ်ဆောင်နေမှုတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ဖြစ်တယ်ဆိုပါတယ်။ ဒီဇိုင်းသစ်ဟာ ပိုပြီးပြောင်မြောက်သလို 3D ကြောင့်မူလ Flat ပုံစံနဲ့နှိုင်းယှဉ်ရင် ပိုပြီးတော့ ကြည့်လို့ကောင်းကြောင်း ပြောပါတယ်။

Facebook ရဲ့ Avatars (ကိုယ်ပွားရုပ်ပုံ) တွေဟာ ဓါတ်ပုံကိုအခြေခံပြီး ပြောင်းလဲဖန်တီးလိုက်တာဖြစ်တဲ့အတွက် ပြင်ပပုံသဏ္ဍာန်နဲ့အတော်လေးကို တူညီတာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲရာမှာ “ဓါတ်ပုံနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာမျိုး လုံးဝမဖြစ်အောင် သေချာလုပ်ဆောင်နေကြောင်း” Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TechCrunch ရဲ့ မေးမြန်းမှုမှာ ပြန်လည်ဖြေဆိုထားပါတယ်။

Ref: The Verge