Facebook ရဲ့ စီအီးအို Mark Zuckerberg က Virtual Reality နည်းပညာအကြောင်းကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပြောကြားခဲ့ပါတယ်။ အနာဂတ် ကမ္ဘာမှာ AR, VR, PC, Console , Phone နဲ့ တခြား အီလက်ထရောနစ် ကိရိယာတွေဟာ အရမ်းကို အရေးပါလာမှာ ဖြစ်ပါတယ်။ Facebook ဖန်တီးမယ့် နည်းပညာ ထုတ်ကုန်တွေ အကြောင်း တိတိကျကျ မသိရသေးပေမယ့် အလှတပ် မျက်နှာနယ်ပယ်မှာ နာမည်ကြီးတဲ့ Ray Ban နဲ့ ပူးပေါင်းပြီး စမတ် မျက်မှန်တွေ ဖန်တီးမယ်လို့  Facebook က The Verge ကို ပြောပါတယ်။ ဒါပေမယ့် အဲဒီ စမတ်မျက်မှန်မှာ မျက်နှာပြင် ပါလာမှာ မဟုတ်တဲ့အတွက် AR လုပ်ဆောင်ချက်တွေ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

Project Aria hardware prototype

အဲဒီ စမတ်မျက်မှန်တွေဟာ အနာဂတ် AR လုပ်ဆောင်ချက်တွေအတွက် ခြေလှမ်းတစ်လှမ်း ဖြစ်တယ်လို့ Facebook က The Verge ကို ရှင်းပြပါတယ်။ Facebook’s Reality Labs မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Andrew Bosworth က စမတ်မျက်မှန်နဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြပေမယ့် အသေးစိတ်ကို မပြောခဲ့ပါဘူး။ သူက “ လူသားတွေ သူတို့ ချစ်ခင်သူတွေနဲ့ ဆက်သွယ်တဲ့အခါ ပိုမို ကောင်းမွန်စေမယ့် Devices တွေကို ကျွန်တော်တို့ တီထွင်ချင်ပါတယ်။ ဒီလို လုပ်ပေးဖို့ Wearables တွေက အကောင်းဆုံးပါ။ Ray Ban ဟာ ကမ္ဘာ့ ထိပ်တန်း Brand ဖြစ်ပြီး ပထမဆုံး ဖက်ရှင်ကျ လှပတဲ့ စမတ်မျက်မှန်ကို Facebook နဲ့ Ray Ban တို့ ပူးပေါင်း ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Facebook unveils smart glasses for the first time

Facebook ဟာ Project Aria လို့ ခေါ်တဲ့ ဟာ့ဒ်ဝဲ နမူနာကနေ AR လုပ်ဆောင်ချက်တွေကို ပြီးခဲ့တဲ့ နှစ်က ပြသခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ကိရိယာမှာ မျက်နှာပြင် မပါတဲ့အတွက် AR မျက်မှန်လို့ မပြောနိုင်သေးဘဲ Sensor Platform လို့ပဲ Facebook က ပြောခဲ့ပါတယ်။

Facebook နဲ့ Ray Ban တို့ရဲ့ စမတ်မျက်မှန်မှာ Sensor များစွာ ပါလာမယ်လို့ မထင်ပါဘူး။ ဗီဒီယိုနဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ Snap Spectacles ရဲ့ ဖန်ရှင်တွေပဲ ပါလာနိုင်ပါတယ်။ Facebook ဟာ အဲဒီ စမတ်မျက်မှန်ကို လူတွေ စိတ်ဝင်စားသလား ဆိုတာ စောင့်ကြည့်လေ့လာမှာ ဖြစ်ပြီး လူသားတွေအတွက် အသုံးဝင်တဲ့ AR မျက်မှန်တွေကို အနာဂတ်မှာ ထုတ်လုပ်နိုင်မှာပါ။

Ref : tnw