Facebook လိုမျိုး Social Media တွေဟာ အချိန်တိုင်းနီးပါး Update ပြုလုပ်နေပြီး Post တွေလည်း အများအပြားတင်နေကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေမှာ တင်ထားတာကြာနေပြီဖြစ်တဲ့ Post တွေကို ပြန်ဖျက်ဖို့အတွက် အချိန်နောက်ပြန်ပြီးတော့ ရှာဖွေရတာကလည်း အလုပ်တစ်ခုလို့တောင် ပြောရမှာပါ။

အခုအချိန်မှာတော့ Facebook ကနေ အသုံးပြုသူတွေအတွက် Manage Activity လို့ခေါ်တဲ့ Feature အသစ်ကို ထုတ်ပေးလိုက်ပါပြီ။ အဆိုပါ Feature ဟာ ယခင်တုန်းကတင်ခဲ့သမျှ Post တွေကို အချိန် ဒါမှမဟုတ် Post အမျိုးအစားအပေါ်မှုတည်ပြီး Filter ပြုလုပ်ပြီး ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။

အဲ့လိုမျိုး Filter ပြုလုပ်ပြီး ဖျက်ချင်တဲ့ Post တွေရှိတယ်ဆိုရင် Post တစ်ခုချင်းစီမဟုတ်ဘဲ စိတ်ကြိုက်ရွေးချယ်နိုင်ဦးမယ်လို့ သိရပါတယ်။ လုံးဝဖျက်ချင်တယ်ဆိုရင်တော့ ရက် ၃၀ နေရင် အလိုအလျောက်ပျက်သွားမယ့် Trash သို့မဟုတ် တခြားသူတွေမမြင်ရတော့ပေမယ့် ကိုယ့် Account ထဲမှာတော့ ရှိနေဦးမယ့် Archived ဆိုပြီး Option ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Trash ထဲကို ထည့်လိုက်တဲ့ Post တွေကိုလည်း ရက် ၃၀ အထိ မစောင့်ချင်ဘဲ ချက်ချင်းဖျက်ချင်တယ်ဆိုရင်လည်း Trash ထဲကနေ ဖျက်ချင်တဲ့ Post တွေကို စိတ်ကြိုက်ရွေးချယ်ပြီး ဖျက်ပစ်နိုင်သလို ပြန်လည် Restore ပြုလုပ်နိုင်တဲ့ Option လည်းပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် ယခု Facebook ရဲ့ Manage Activity Feature ကိုတော့ Settings – Access Your Information – Posts ထဲကနေ ဝင်ရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယခင်တုန်းကလည်း Facebook က Clear History Tool ကိုထုတ်ပေးခဲ့ဖူးပြီး အခု Manage Activity Feature ကလည်း အသုံးဝင်တဲ့ Feature တစ်ခုဖြစ်နေဦးမှာပါ။

Ref – The Verge